Chapter 2

8.5K 785 28
                                    

ဆောင်းဦးရဲ့ချမ်းစိမ့်စိမ့်လေပြည်က အအေးကြိုက်
တဲ့ရှောင်းကျန့်အတွက်တော့ စိတ်ကျေနပ်စရာ။
မနက်စောစောထလို့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး
ဆိုင်ဖွင့်ဖို့အပြေးသွားရတယ်။ဒီနေ့ကဆိုင်ဖွင့်မယ့်
ပထမဆုံးနေ့လေ။

စဖွင့်တဲ့နေ့ဆိုပေမယ့်အတော်လေးလူစည်သည်။
အဘိုးရဲ့Bakeryလေးက ဆိုင်သေးသေးလေးပေ
မယ့်ဒီအရပ်မှာတော့ အ​တော်နာမည်ကြီးပုံရသည်။
အကူအနေနဲ့တော့ အဘိုးလက်ထပ်ကတည်းက
ဆိုင်မှာကူလုပ်ပေးနေကျ စုန့်ကျိရန်ဆိုတဲ့ ကောင်လေးတစ်ယောက်တော့ရှိသည်။ကောင်လေးကလည်း
မခိုမကပ်ဘဲ အလုပ်ကြိုးစားတာမို့ အဆင်ပြေပြေနဲ့
ပဲဆိုင်ဖွင့်နိုင်ခဲ့သည်။

ရှောင်းကျန့်ကိုယ်တိုင်လည်း ဒီဆိုင်လေးကိုသဘောကျသည်။သူလိုချင်ခဲ့တာ ဒီလိုဘဝမျိုးပဲလေ။ဘယ်သူ့
အပေါ်မှမမှီခိုရပဲ တစ်ယောက်တည်းပဲ ဘဝကို
အေးအေးချမ်းချမ်းဖြတ်သန်းချင်တာ။သူ့ဘဝအတွက်
ဒီအခြေအနေလေးက အရမ်းကိုအေးချမ်းနေခဲ့ပြီး
ဖြစ်သည်။

နောက်ဆုံးတော့ ဆိုင်စဖွင့်တဲ့နေ့လေးက အဆင်ပြေပြေနဲ့ ကုန်ဆုံးသွားခဲ့သည်။ရှောင်းကျန့်ကိုယ်တိုင်လည်း ပင်ပန်းနေတာမို့ အိမ်ကိုသာတန်းပြန်လာခဲ့တော့တယ်။
အိမ်ရောက်တော့ ထူးဆန်းစွာပဲ အိမ်တံခါးကပွင့်နေသည်။သူမနက်ကထွက်လာတုန်းက သေချာပေါက် သော့ခတ်ခဲ့ပါတယ်။ဘယ်လိုဖြစ်တာပါလိမ့်။
ဘာမဆို စေ့စေ့စပ်စပ်လုပ်တတ်တဲ့ရှောင်းကျန့်အဖို့
အိမ်သော့ခတ်ဖို့မေ့နေခဲ့တယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စ။တစ်ခုခုတော့ မူမမှန်ဘူး။
သတိကြီးကြီးထားပြီး အိမ်ထဲခြေလှမ်းလှမ်းလိုက်တော့ တံခါးဝမှာ တောင်တစ်ဖက် မြောက်တစ်ဖက်
ဖြစ်နေတဲ့ ဖိနပ်တစ်ရံ။မဟုတ်မှလွဲရော...အိမ်ကို
သူခိုးဝင်တာလား။ပိုပြီးထူးဆန်းတာက တစ်အိမ်လုံးကမီးတွေထိန်ထိန်လင်းလို့။
ဘယ်သူခိုးက တစ်အိမ်လုံးမီးဖွင့်ပြီး ခိုးမှာလဲ။

ဝေခွဲမရတော့တဲ့အဆုံး ဘေးမှာတွေ့တဲ့အုတ်နီခဲတစ်ခဲကိုကောက်ပြီး အိမ်ထဲကိုတစ်လှမ်းချင်းဝင်လာခဲ့
တယ်။ခြေလှမ်းတိုင်းမှာ သတိကြီးစွာစွဲကပ်ထားရ
ပြန်သည်။တစ်ချက်မှားတာနဲ့ ဘာဖြစ်မလဲဆိုတာ
ကြိုပြီးမခန့်မှန်းနိုင်တဲ့အခြေအနေ မဟုတ်လား။

When You Were Mine(Completed)Where stories live. Discover now