"မပြေးနဲ့"
ဂျွန်မြောင့်အော်သံက တောအုပ်တစ်ခုလုံး ဖုံးလာသည့်တိုင်အောင် ရီရှင်းက လှည့်မကြည့်။
နေမထိုးနိုင်လောက်အောင် သစ်ပင်များပြည့်နေသော တောအုပ်ထဲတွင် ဂျွန်မြောင်မြင်ရသည်က ရီရှင်းရဲ့ အရိပ်တစ်ခုတည်းသာ။
ရီရှင်းက အရှေ့တည့်တည့်ကိုပြေးနေရင်း ရုတ်တရပ်ပျောက်သွားသည်။ မှောင်မဲနေသော တောအုပ်က ရီရှင်းမရှိသည့်အခါ ပို၍ မှောင်လာသည်။ ပိုးစုန်းကြူးသံများဖြင့် ဆူညံနေသော ပတ်ဝန်းကျင်တွင် ဂျွန်မြောင့် အသံကထိုးမပေါက်။
"ရီရှင်း...?"
မြေကျင်းတစ်ခုထဲကို ရီရှင်းက ခုန်ဆင်းသွားသဖြင့် ဂျွန်မြောင်ပါလိုက်ဆင်းတော့ ထင်ထားသလို မြေကျင်းမဟုတ်ပဲ လျှောတစ်ခုဖြစ်နေသည်။ အောက်ရောက်အောင် အကြာကြီး ဆင်းရသည့်အပြင် အပေါ်နံရံကပါ အရောင်များပြည့်နေ၍ ဂျွန်မြောင့်မှာ မူးပင်မူးလာသလိုလို။
အောက်ရောက်တော့ ပျင်းစရာ ရာစုနှစ်တစ်ခု ဖြတ်သန်းပြီးသွားတဲ့လူလို ဂျွန်မြောင်ခံစားရသည်။ ခဏနားနေပြီးတာနဲ့ ရီရှင်းရှာပုံတော်ထွက်ရပြန်သည်။ ဒီတစ်ခါတော့ ရီရှင်းက ထွက်မပြေးပဲ လမ်းအဆုံးမှာ စောင့်နေသည်။ တစ်ယောက်တည်းတော့မဟုတ်...နဂါးကြီးပေါ်မှာ..။
"ရီရှင်းနာ...အိမ်ပြန်ကြမယ်လေ ဆင်းခဲ့"
ရီရှင်းက ဂျွန်မြောင်ပြောတာကို ကြားဟန်မတူ။ ယုန်နားရွက်တပ်ထားပြီး နဂါးခေါင်းပေါ်မှာ ခပ်တည်တည်ထိုင်နေသည်။
ဟင့်အင်း...ယုန်ရုပ်တပ်ထားတာမဟုတ်..ရီရှင်းနဲ့ တူတဲ့ယုန်ပင်။
ရီရှင်းနဲ့ တူတဲ့ ယုန်က နဂါးကို ထိန်းချုပ်ထားသည်...နဂါးက ဂျွန်မြောင့်ကို မြင်တော့ တက်နင်းတော့မလို့ လျှောက်လာသည်။ ပြေးဖို့အသိဝင်နေပေမဲ့ ဂျွန်မြောင့်ခြေထောက်များက ကျောက်ချထားသလို။
"ဝေါင်း..."
နဂါးက ပါးစပ်ဟကာ အသံပြုရင်း မီးမှုတ်ဟန်ပြင်သည်။ ဂျွန်မြောင်က လက်နဲ့ ကာထားပေမဲ့ မီးရောင်ကို လက်ကြားထဲကနေ မြင်နေရသည်။
![](https://img.wattpad.com/cover/229415443-288-k374364.jpg)
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြ...