Jennie အသံထွက်လာသောနေရာဆီကိုမော့ကြည့်လိုက်ကာ ဟိုကလည်းအပြုံးလေးနဲ့ပြန်တုန့်ပြန်ပေးလိုက်သည်။

"အပြုံးလေးက တောက်ပလိုက်တာ  နတ်သမီးလေးလား? "

J:ကျွန်မဘယ်ရောက်နေတာလဲ။

L:မနေ့ညက သတိမေ့သွားလို့
ဆေးရုံလာပို့ပေးခဲ့တာ ဘယ်လိုလဲ ကောင်းလာပြီလား???

Jennie ကြိုးစားပြီးထထိုင်ကြည့်လိုက်တယ် ကိုယ့်ကိုမနိုင်တော့ပဲ
အနောက်ကိုပြန်ယိုင်သွားခဲ့တယ်။ ကံကောင်းလို့ရောက်သွားတာနူးညံ့တဲ့နေရာလေး။

Lisa သူပြန်လှဲသွားတာတော့သူ့
နောက်ကို၀င်ခံပေးလိုက်တယ်။

L:ချက်ချင်းမထနဲ့လေ အားနည်းနေသေးလို့။

"နွေးထွေးတဲ့ရင်ခွင်လေးထဲကို
ကျွန်မဆက်နားယူနေတော့သည်
မယုံချင်ပါဘူး ဒီလူတစ်ယောက်
ကကျွန်မဘ၀လေးထဲ၀င်လာခဲ့မယ်လို့ သူ့အပြုံးလေးကကျွန်မကို  အသက်ဆက်ရှင်စေချင်တယ်။ချစ်ဦးသူနဲ့နာကျင်မှုတွေကို မေ့သွားရလောက်အောင်
ဆွဲဆောင်မှုကိုပြည့်လွန်းတယ်
ဘယ်သူပါလိမ့်၊တစ်ကယ်ကိုပဲကျေးဇူးတင်ပါတယ်။"

ဒီလိုလေးနဲ့ Lisaနဲ့ Jennie စရင်းနှီးလာခဲ့တယ်။Jennie ဆေးရုံဆင်းသွားတဲ့ချိန်ထိ Lisa နေ့တိုင်းအဖော်လာပြုပေးတယ်။ ဆေးရုံဆင်းပြီးအိမ်အထိ လိုက်ပို့ပေးတယ်။ Jennie မိဘနဲ့  အရင်းအနှီးဆက်ဆံခဲ့တယ်။ Jennie ကိုသူ့company မှာသူ့လက်ထောက်အနေနဲ့ခံ့အပ်ထားခဲ့တယ်။

Lisa သူ့အပေါ်ကောင်းမိသွားတာဆိုတာကိုဘာကြောင့်လဲတော့Lisa
အဖြေမရှာနိုင်ခဲ့။ သူ့မျက်နှာလေးကိုနေ့တိုင်းမြင်ချင်တယ်၊
သူ့အပြုံးလေးကိုနေ့တိုင်းမြင်ချင်တယ်၊သူ့အသံလေးကိုနေ့တိုင်းကြားချင်မိတယ်ဆိုတာပဲ
သိတယ်။ဒါက အချစ်လားဆိုတာကို Lisa မသတ်မှတ်နိုင်သေးဘူး။

ဒီလိုလေးနဲ့ အနေနီးကြာလာလေ
နှစ်ယောက်ကြားသံဃောစဥ်တွယ်သာလာလေပဲ။အလုပ်ဖော်အဆင့်၊သူငယ်ချင်းအဆင့်တောင်ကျော်သွားခဲ့ပြီ။Lisa
အိမ်ထောင်ရေးပြုခဲ့ပြီသိပေမဲ့လည်းပေါ့။

True love Right Person Where stories live. Discover now