ထိုအကြောင်းကိုစဉ်းစားမိသည့်အခါ ကုဖေးကို သူ ကျေးဇူးတင်မိသည်။ သူ မြေကြီးပေါ် မှောက်လျက်သားလဲကျချိန်တုန်းက ကုဖေး
သည်သူ့ကိုအအေးတောထဲမှာအေးခဲပြီးသေအောင်ပစ်မထားခဲ့ချေ။

ကုမောင်နှမ၏တိတ်ဆိတ်မှုနှင့်အသားကျနေပြီဖြစ်သည်။ကုမြောင်က စကားမပြောသည့်အခါကျန်ချန်လည်း အသံတိတ်နေလိုက်၏။
ကုဖေးက စကားပြောမယ့်အရိပ်အယောင်ကို မတွေ့ရပေ။

တိတ်တိတ်ဆိတ်ဆိတ်စားသောက်ခြင်းသည်အချိန်ကုန်သက်သာစေ၏။နောက်ဆယ်မိနစ်
အတွင်း သူတို့အားလုံး စားသောက်ပြီးစီးသွားသည်။

သူ့လက်ထဲမှာကိုင်ထားသည့်တူတစ်စုံကိုချ၍ ကျေးဇူးတင်စကားပြောဖို့ သူ ပြင်နေစဉ်တွင်၊အပြင်မှလူ၏ကျိန်ဆဲသံများကိုကြားလိုက်ရသည်။နောက်ဆုံးတော့,အပြင်ဘက်မှလူဟာ သတိလည်လာပြီဖြစ်၏။

ကျန်ချန် ယခုမှသက်ပြင်းချနိုင်ပြီး၊ ထိုလူ၏ ဆဲဆိုသံများကို ဆက်နားထောင်ကြည့်လိုက်တယ်။

ထိုလူသည် အဆက်မပြတ် ဆဲနေသော်လည်း နှာရိုးကျိုးသွားသည့်အတွက်ကြောင့်အသံက
အခက်တွေ့နေ၏။သူ့ကျိန်ဆဲသံများသည် လီပေါင်ကော်တို့ အိမ်နီးနားချင်းရန်ဖြစ်ကြသည့်ပုံစံနှင့်တူပြီး လမ်းဘေးစရိုက်ပုံစံများဖြစ်၏။

ထိုအချိန်ကျမှ အသံဟိန်းထွက်လာတဲ့စကားတစ်ခွန်းသည် သူ့အာရုံကိုဖမ်းစားသွားသည်။ ကျန်ချန် သူ့ကိုယ်သူ မထိန်းနိုင်ပဲ ကုဖေးကို လှည့်ကြည့်မိလိုက်တယ်။

အပြင်ဘက်လူ၏စကားတွေသည် မသဲမကွဲ ဖြစ်နေသော်လည်း အဓိပ္ပါယ်ဖော်နိုင်၏။
"ငါ မင်းအမေနဲ့လုပ်ခဲ့တယ်။အဲ့တော့ မင်းကဘာလုပ်ချင်လဲ?။"

ကုဖေးက သူနှင့်အကြည့်ချင်းဆုံသွား၏။သူကစကားမပြောခင် စွတ်ပြုတ်တစ်ဇွန်းအရင်ခပ်ထည့်လိုက်သည်။
"ငါ့အမေရည်းစား။"

"ဘယ်လို?။"
ကုဖေး၏စကားမဆုံးသေးခင် ကျန်ချန်သည်မှင်သက်သွား၏။အပြင်ဘက်မှလူက အရမ်း စက်ဆုပ်စရာကောင်းတယ်ဆိုပေမဲ့၊ အသက်သုံးဆယ်အရွယ်ခန့်မျှပဲရှိ၏။ကုဖေးအမေက ကုဖေးကိုအသက်နှစ်ဆယ့်မှာ မွေးခဲ့တယ်ဆိုလျှင်၊ယခုအချိန်ဆို သူမအသက်လေးဆယ်နားကပ်နေပြီဖြစ်၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now