Episode - 3

1.3K 242 11
                                    

[Unicode]

ထျန်စျန်းကိုယ်တော် က ဘုရင်တွေ့ဆုံပြီး ဘုရင်ရဲ့ခမည်းတော်အကြောင်းကို အဆောတလျင်ပြောပြဖို့အတွက် နန်းဆောင်သို့သွားနေပေမဲ့ လမ်းတစ်ဝက်ပင်မရောက်သေး ပုရောဟိတ်ချင်တားတာခံလိုက်ရသည်။

"ဘာကြောင့်လဲ ဒကာကြီး "

"ထပ်ပြီးအသေးစိတ်စုံစမ်းပြီးမှ လျောက်တင်တာပိုကောင်းမယ်ထင်လို့ပါ"

"အင်း ပြောတာမှန်သလောက်ပါပဲ"

" ကိုယ်တော့်ကို ဘီတမ်မိုရယ်ရဲ့အိမ်တော်ကို လမ်းပြပေးမယ် မဟုတ်လား"

"ဒါကိုတော့ ကူညီပေးမှာပါ"

"ကောင်းပြီ"

ထျန်းစျန်းကိုယ်တော်နဲ့ပုရောဟိတ်ချင်တို့ကတော့ နန်းတော်မှထွက်ခွာလို့။

ဘီတမ်မိုရယ် အိမ်တော်မှာတော့
ဝမ်ရယ်ရဲ့အလုပ်ရူပ်နေပုံကြောင့် အိမ်ရှိအစေခံများကလည်း ပျားပန်းခတ်မျှအလုပ်ရူပ်နေကြသည်။

ဝမ်ရယ်လိုချင်တဲ့စာရွက်များကို တစ်ယောက်ပြီးတစ်ယောက် ယူလာပေးကြသည်။ သူ့ရဲ့တိုင်းတစ်ပါးကရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီ စာရေးဖို့အတွက်ပေါ့။

တိုက်ပွဲတိုက်ရင်းခင်မင်လာတဲ့ရှားပါးတဲ့သူငယ်ချင်း။

မိုရယ်ဟာ ပျော်နေတော့တာပဲ။ သူ့ဘေးမှာ ပိုင်ဝူလည်းရှိတယ်။ လိရွှမ်းလည်းရှိတယ်။
အခုဆိုသူငယ်ချင်းတစ်ယောက်ကိုပါရနေပြီ။

မိုရယ်ရဲ့စိတ်လေးဟာနူးညံ့လွန်းပါတယ်။ သူ့ကိုသေချာပေါင်းသင်းမယ်ဆိုရင် ကလေးဘယ်လောက်ဆန်ကြောင်းတွေ့ရမှာ။

မိုရယ်ရဲ့ကလေးဆန်မှုကိုတော့ လက်ရှိ ပိုင်ဝူလေးကခံစားနေရတယ်တဲ့။

သူ့သူငယ်ချင်းဆီ ရေးနေတဲ့အကြောင်းအရာက
ပိုင်ဝူအကြောင်းပါတဲ့လေ သူ့မှာကြောင်လေးတစ်ကောင်ရှိလို့ တစ်ဖက်ကိုကြွားဝါနေခြင်းဖြစ်သည်။

ပြုံးရယ်ခဲလှတဲ့မိုရယ်ရဲ့မျက်နှာပေါ်မှာ အပြုံးလေးတွေကတွဲလွဲခိုလို့။ ပိုင်ဝူကတော့ တစ်ချက်သာကြည့်ပြီး ပျင်းကြောဆန့်နေတယ်။

10000 YEARS OVER [COMPLETED]Wo Geschichten leben. Entdecke jetzt