သို့သော်လည်း ကိုကိုသည် သူနားခိုရာ အသိုက်အမြုံဆီသို့ အမှတ်မထင်ရောက်လာခဲ့သော ငှက်ကလေးကို မနှစ်မြို့ပုံပြခဲ့သည်မှလွဲ၍ ပြင်ပလောကသို့ နှင်လွှတ်ဖူးခြင်း
မရှိခဲ့ပေ။

နှင်လွှတ်ခဲ့လျှင်လည်း ထိုအသိုက်အမြုံတွင်ပင်
ရှိုင်းငယ်တစ်ယောက် တွယ်ကပ်နေမိဦးမည် ထင်ပါသည်။
.
.
.

စာမေးပွဲရက်များသည် ခပ်မြန်မြန်ပင်ကုန်လွန်လာခဲ့ပြီး စာမေးပွဲနောက်ဆုံးရက်၌ ဖြေဆိုချိန်ပြီးသည်နှင့် နေရာခြားထားသော စားပွဲခုံများကို ယောက်ျားလေးတစ်သိုက်မှ ပုံမှန်အတိုင်း နေရာတကျဖြစ်အောင် ပြန်လည်ရွှေ့ပြောင်းကြသည်။

Green leafကဲ့သို့ အဆင့်အတန်းမြင့်သော ပုဂ္ဂလိကကျောင်းကြီးတွင် ကျောင်းသားများကိုယ်တိုင်ကိုယ်ကျ ခုံရွှေ့နေစရာမလိုသော်လည်း အော်ကြဟစ်ကြရင်း အလုပ်ကို စုပေါင်းလုပ်နေကြခြင်းမှာ စည်းလုံးမှုကိုပိုဖြစ်စေသောကြောင့် ဆရာမများကိုယ်တိုင်ကလည်း လွှတ်ထားပေးလေသည်။

မိန်းကလေအချို့မှာတော့ အပြင်ဘက် ကော်ရစ်တာတွင်
သူမတို့၏ သက်ဆိုင်ရာသူငယ်ချင်းကိုယ်စီနှင့် ရက်ပေါင်းများစွာ ဝေးကွာခဲ့ရသူများကဲ့သို့ စကားပြော၍မဝနိုင်အောင် ရှိနေသည်။

ကောင်မလေးများနှင့် ခပ်လှမ်းလှမ်းတွင် ငွေရှိုင်းတစ်ယောက်တည်း မတ်တပ်ရပ်နေရသည်။ တခြားယောက်ျားလေးများနည်းတူ ခုံတွေရွှေ့ပေးရန် ဟန်တပြင်ပြင်ရှိနေသော်လည်း ဘယ်က စလုပ်ပေးရမှန်းမသိဖြစ်နေသည်က အနှောင့်အယှက်တစ်ခု ဖြစ်နေလေသည်။

ငွေရှိုင်းအား အတန်းဖော်များနှင့် စည်းချက်မကျသောကြောင့်  အတန်းပြင်ထွက်နေစေဖို့ တစ်စုံတစ်ယောက်က ပြောလာသောအခါ ငွေရှိုင်းသည်လည်း စောဒကမတက်နိုင်တော့ပေ။

ထွက်ခိုင်းသူမှာ အလင်းဝေဖြစ်နေသောကြောင့်....။

ပြောပုံမှာလည်း....

"အပြင်မှာပဲ ထွက်နေစမ်းပါကွာ...မင်းက
အလေးအပင် တစ်ခါမှ မ ဖူးမှာလည်းမဟုတ်ဘူး...
ငါတို့အတွက် အနှောင့်အယှက်ဖြစ်တယ်..." ဟူ၍....။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now