Part 10 (unicode)

Start from the beginning
                                    

"ဒီမှာ။"
ကုဖေးက သူ့နားသို့ရောက်လာပြီး ကင်မရာခလုတ်ဖိလိုက်သည့်အခါ ကင်မရာမျက်နှာ
ပြင်ပေါ်တွင် ဓာတ်ပုံများပေါ်လာသည်။

ကင်မရာထဲတွင်ဓာတ်ပုံလေးပုံရှိနေပြီး၊တစ်ပုံချင်းစီတိုင်းကို ကျန်ချန် သေချာ ကြည့်မိ၏။

ဓာတ်ပုံပညာကို သူသိပ်ပြီးစိတ်မဝင်စားချေ။
သူကိုယ်တိုင် ရှုခင်းပုံများ ရိုက်ချိန်မှဖြစ်ဖြစ်၊ သူများ သူ့ကိုဓာတ်ပုံရိုက်ပေးတာမျိုးဖြစ်ဖြစ် ကင်မရာကို စိုက်ကြည့်နေရုံမျှလုပ်တတ်ခြင်းဖြစ်သည်။

ဓာတ်ပုံရိုက်ခြင်းက သူ့ကိုခန့်ညားစေတယ်လို့
ခံစားရသော်လည်း ၊ကင်မရာရှေ့တွင်ခြေချမိချိန်တိုင်း သူ ကြောက်နေဆဲဖြစ်၏။ သို့သော်
ကုဖေးရဲ့ကင်မရာထဲမှာ ရှိနေတဲ့လူက မထင်
မှတ်ထားလောက်အောင် ကြည့်ကောင်းနေခဲ့သည်။

သရုပ်ဆောင်နေသယောင်ထင်မှတ်ရစေ၏။

ဓာတ်ပုံထဲတွင် သူစိတ်ပူနေခဲ့သည့် ရင့်ရင့်သီးသီးမျက်နှာအမူအယာရှိမနေသည့်အပြင်စိတ်
အနှောင့်အယှက်ဖြစ်နေသည့်ပုံရိပ်သဲ့သဲ့လေးသာ ပေါ်သည်။

ပြီးတော့, ပထမဆုံးပုံကို သူ အရမ်း....အရမ်း ကြိုက်တယ်။

နေရောင်ခြည်အလင်းတန်းကို ကျောပေးပြီး သူက ကင်မရာ ရှေ့သို့လျှောက်လာနေသည့်ပုံရိပ်ဖြစ်ပြီး၊ဓာတ်ပုံထဲတွင်သူ့ချောမောမှုက ပြောနေစရာမလိုချေ။

သူ ဓာတ်ပုံများကို နှစ်ကြိမ်တိုင်တိုင်ကြည့်ပြီး
နောက်တွင် ဘာဆက်လုပ်သင့်မှန်း ကျန်ချန် မသိဖြစ်နေသည်။

ကုဖေးက စကားပြောလာ၏။
"ညာဖက်အောက်ခြေခလုတ်က ဓာတ်ပုံဖျက်တဲ့ခလုတ်။"

"အင်း,ငါသိတယ်။"
ကျန်ချန် ကိုးရိုးကားယား ပြန်ဖြေလိုက်တယ်။

ဓာတ်ပုံများကိုဖျက်ဖို့ပြောခဲ့တဲ့လူက သူကိုယ်
တိုင်ဖြစ်သည်။ ဓာတ်ပုံကို မြင်ပြီးနောက်တွင် ပြောပြီးသားစကားလုံးတွေကို ပြန်ရုတ်သိမ်းချင်သည့်လူကလည်းသူပင်ဖြစ်၏။ သူ့အနေ
နှင့် ဓာတ်ပုံအများကြီး ရိုက်ခဲ့ဘူးသော်လည်း ယခုလောက်တစ်ခါမှစိတ်မလှုပ်ရှားခဲ့ဖူးဘူး။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now