သူစကားဆုံးသွားသည့်အခါ နှစ်ယောက်လုံးတစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး တိတ်ဆိတ်သွားကြသည်။

အချိန်အနည်းငယ်ကုန်သွားချိန်တွင် ဝမ်ရွှိက စကားပြောလာ၏
"ငါမင်းကို အကြံပေးစရာရှိတယ်။"

"အင်း,"
ကျန်ချန် စီးကရက်အငွေ့ကိုမှုတ်ထုတ်၍ လေထဲမှအငွေ့များကို လက်ချောင်းနှင့် ဖယ်လိုက်တယ်။

"ဟို့ဇီတို့ အရင် ရောက်လာရင် ငါတို့ငြိမ်ငြိမ်ပဲ နေကြမယ်။ငါတို့ကဆိုးပေမယ့် ကျောင်းသားတွေပဲရှိသေးတယ်။လူ့အသိုင်းအဝိုင်းက ဖယ်ကျဥ်ထားတဲ့လူတွေနဲ့လိုက်ပြီး ငါတို့ဘဝကိုတစ်တန်းတည်း ထားစရာမလိုဘူးမလား။"

ကျန်ချန် သူ့ကို အထူးအဆန်း ကြည့်လိုက်တယ်။ဒီငတုံးကောင်ကလွတ်လမ်းရှာတတ်
သေးတယ်ပေါ့။

ဒါပေမဲ့ ဝမ်ရွှိက ဆက်ပြောလာသည်။
"ကုဖေးက အာ့လိုပဲလုပ်ဖို့ ပြောတယ်။"

ကျန်ချန် သူ့စကားကိုကြားပြီး၊နှုတ်ခမ်းထက်မှာတေ့ထားသည့် စီးကရက် နှင့် သူ့မျက်နှာ ကို ပစ်ပေါက်ချင်သွားတယ်။

သူတို့နေရာဆီကုဖေးရောက်လာသည့်အချိန်ကနှေးသည်ဟုမဆိုသာချေ။သူကစက်ဘီးစီးလာသည့်အတွက်ကြောင့် သူတို့နေရာရောက်
ဖို့ရန် ဆယ်မိနစ်မျှအချိန်ယူရသည်။ ဒါပေမဲ့ သူနှင့်အတူတူ ကုမြောင်ကို ဘာကြောင့် ခေါ်လာခဲ့မှန်း သူ နားမလည်နိုင်ဘူး။ ကုမြောင်က စက်ဘီးနောက်ခုံမှာ ချည်နှောင်ထားတဲ့ကြိုးစကိုဆွဲ၍စကိတ်စီးပြီးလိုက်လာတာဖြစ်သည်။ ကုဖေးက မြေကြီးပေါ် ခြေထောက်တစ်ဖက်
နှင့်ထောက်၍ စက်ဘီး ရပ်လိုက်သည့်အချိန် ကုမြောင်ကလည်း စကိတ်စီးခြင်းကိုရပ်တန့်လိုက်ပြီး သူမ၏စကိတ်ကို သူမလက်ထဲမှာ ပိုက်လိုက်သည်။

သူမက စကိတ်ကို ပိုက်ထားရင်းနှင့်ကျန်ချန်
အရှေ့ကို ရောက်လာပြီး သူ့ကိုပြုံးပြလာ၏။ ထို့နောက်သူမက ကုဖေးခြေထောက်နားသို့ ပြန်ပြေးသွားသည်။

ကုဖေးက မေးခွန်းမေးလာ၏။
"ဘယ်သူ ရိုက်လိုက်တာလဲ?။"

"ငါ,"
ကျန်ချန် မတ်တပ်ထရပ်လိုက်တယ်။
"ဘာဖြစ်လို့လဲ?။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now