"......"
ကျန်ချန် ပြောစရာစကားပျောက်ရှသွားတယ်။

ဝမ်ရွှိသည် အမှိုက်ပုံနှင့်မီတာတစ်ဝက်ကျော်မှာရှိသည့် သစ်သားတုတ်ချောင်းကို ရှာတွေ့သွားသည်။သူက တုတ်တချောင်းကိုကိုင်ပြီး အမှိုက်ပုံထဲမှာ အချိန်အကြာကြီး လှန်လှော ရှာဖွေနေပြီးနောက်၊ပျက်စီးယိုယွင်းနေသော
သုံးချောင်းထောက်ခုံတစ်လုံးရှာတွေ့လာ၏။

ကျန်ချန် သူ့ကို ကြည့်ပြီးမေးလိုက်တယ်။
"မင်း ဘာလုပ်နေတာလဲ?။"

"လက်နက်ရှာနေတာ။"
ဝမ်ရွှိက ဆက်ပြောလာသည်။
"ဟို့ဇီနဲ့သူ့လူတွေက ဒီနေရာကိုရင်းနှီးတယ်။ ဒါကြောင့် ကုဖေး မရောက်ခင် သူတို့ အရင်ရောက်လာနိုင်တယ်။ "

ကျန်ချန် သူ့ကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။ထို့နောက် ကျောင်းလွယ်အိတ်ကိုလှန်လော၍ကျောင်းလွယ်အိတ်ထဲမှဓားကို ဝမ်ရွှိခြေထောက်နားသို့ ပစ်ပေးလိုက်သည်။
"ဒါကို သုံးလိုက်။"

"ငလူး,"
ဝမ်ရွှိ ဓားကိုမြင်သည့်အခါ လန့်ဖျပ်သွားပြီးကျန်ချန်ကိုလှည့်ကြည့်လာ၏။
"မင်းက ရွှယ်ပါ့ဟုတ်လို့လား?။ဘယ်ထူးချွန်ကျောင်းသားက အိတ်ထဲမှာ ဓားဆောင်ထားပြီးအပြင်သွားမှာလဲ?။"

"ငါ ဒီဓားကိုတစ်ခါမှ ။မသုံးရသေးဘူး။ ဓား အချွန်ကသိပ်မထက်ဘူး။ ဓားဆိုတာက လူတွေကို ခြောက်လန့်ဖို့အတွက်ဆို အကောင်းဆုံးပဲ။"

ဝမ်ရွှိဓားကိုကောက်ကိုင်ပြီး သေချာစစ်ဆေးကြည့်လာပြီးမှ၊ သူ့ရှေ့မှာဆောင့်ကြောင့်ထိုင်ချလာသည်။
"ကျန်ချန် ,ငါ မင်းကိုနောက်ဆို ရန်မစဝံ့တော့
ဘူး။"

ကျန်ချန်က သူ့ကိုကြည့်ရုံသာကြည့်လိုက်တယ်။

"ငါတို့ကြားက ပြသာနာကို ဒီမှာတင်ပြီးပြီ။နောက်ဆို ငါတို့ ကိုယ့်အကန့််နဲ့ကိုယ်နေကြမယ်လေ။ဘယ်လိုလဲ?။"

"မင်းပြောခဲ့တဲ့ စကားကို မင်းဘာသာမင်း မှတ်ထားရင်ရပြီ။"
ကျန်ချန် ဆက်ပြောလိုက်တယ်။
"ငါတို့လိုရွှယ်ပါ့တွေက စာလေ့လာဖို့အတွက်အလုပ်များတယ်။သူရဲ့အချိန်ကို မင်းနဲ့အလ
ဟဿ ဖြုန်းနေမှာမဟုတ်ဘူး။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now