ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်တယ်။
"ငါက မင်းမှာတခြားရည်ရွယ်ချက်ရှိတယ်လို့ ပြောမိလား?။"

ဝမ်ရွှိက သူ့ကို ပြန်မဖြေပဲ ဖုန်းနံပါတ်ကို ဆက်နှိပ်နေ၏။

ကျန်ချန် နောက် စီးကရက်တစ်လိပ်ကိုထုတ်ပြီး စီးကရက်ကို မီးညှိ၍ နှုတ်ခမ်းထက်တွင် တေ့လိုက်တယ်။ထို့နောက်ခြံစည်းရိုးထောင့်နားတွင်ဆောင့်ကြောင့်ထိုင်၍ နှင်းပုံများကို တုတ်တစ်ချောင်းဖြင့်လျှောက်ခြစ်နေလိုက်
သည်။

ဝမ်ရွှိသည် အနီးအနားတစ်ဝိုက်မှာ ဟို့ဇီရှိနေသည့်ပုံစံမျိုးဖြင့် ဖုန်းကို တိုးတိုးပြောနေ၏။
"တာ့ဖေး,တာ့ဖေး...ဟို့ဇီကငါတို့ကိုလမ်းပိတ်ထားတယ်။ငါတို့ ထွက်ပြေးလာတာ။ မရဘူး, ငါတို့ ထွက်လာလို့မရဘူး။ဟို့ဇီက သွေးထွက်တဲ့အထိအရိုက်ခံလိုက်ရတာကို ငါတို့ဘယ်လို
ထွက်ပြေးလို့ရမှာလဲ။ ဘယ်သူက အဲ့လို လုပ်ရဲမှာလဲ?။ ငါရယ်, ကျန်ချန်ရယ်။"

ဝမ်ရွှိ စကားပြောနေရင်းနှင့် ကျန်ချန်ကို လှမ်းကြည့်လာသည်။

ကျန်ချန် မျက်နှာသေဖြင့်ပြန်စိုက်ကြည့်လိုက်
တယ်။သူက တစ်ဖက်သူတွေကိုမကြောက်ပေ
မယ့်၊ ဝမ်ရွှိကကြောက်နေခဲ့သည်။ဝမ်ရွှိသည် ထိုလူတွေကို ကပျက်ကချော်သွားမလုပ်သင့်
ကြောင်း တွေးထားပုံရ၏။

အရင် ကျောင်းမှာဆိုလျှင် သူက လတ်လျား
လတ်လျားနှင့်နေခဲ့တာဖြစ်ပြီး၊အခြားသူများနှင့်ရန်ငြိုးဖွဲ့ခြင်းမရှိခဲ့ချေ။ ရန်ငြိုးရန်စများလာလျှင် စိတ်အနှောင့်အယှက်ဖြစ်ရသည်။

ဖုန်းတစ်ဖက်မှာရှိနေသည့် ကုဖေးကလည်းတွေးတောနေ၏။သူ လိုက်လာလျှင်လည်း ရန်ပွဲကဖြစ်မည်ဖြစ်ပြီး၊အကျိုးအကြောင်း
သင့်ပြန်စဥ်းစားကြည့်သည့်အခါ၊ သူလိုက်သွားလျှင် ထိုရန်ပွဲသည် တစ်ချက် နှစ်ချက်
နှင့် အဆုံးသတ်သွားမှာမဟုတ်ပေ။

...

"ကုဖေးက ခဏနေရင် ရောက်လိမ့်မယ်။"
ဝမ်ရွှိက ဖုန်းချပြီးသည့်အခါ သူ့ခြေထောက်တွေနှင့်အမှိုက်ပုံကိုထိုးဆွနေ၏။
"သူက သူညီမလေးကို ခေါက်ဆွဲလိုက်ဝယ်ကျွေးနေတာ။ သူတို့စားလို့ မပြီးသေးဘူး။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now