"ဟမ်?။"
ကျန်ချန် ခဏလောက် တုံ့ဆ်ိုင်းသွားပြီးမှ
"သူက ငါ့ကို ခေါ်တယ်?။"

"ဟုတ်တယ်။ မင်း, ကုဖေးရဲ့အတန်းဖော်။"
လုလောင်ရှီး၏ ညွန်တံသွားလမ်းတလျှောက်မှာရှိနေသည့် ခေါင်းများသည် အလိုလိုငုံ့လျှိုး သွားသည်။

ကျန်ချန်မှာ ရွေးချယ်ခွင့်မရှိတာကြောင့်၊မတ်တပ်ထရပ်လိုက်တယ်။ ဆရာက ဘာကြောင့်ခေါ်တာမှန်း သူ သေချာမသိပေ။

ကျန်ချန်မတ်တပ်ထရပ်၍အတန်းတံခါးဆီသို့ သွားနေရင်း ဝမ်ရွှိကို လှမ်းကြည့်လိုက်တယ်။ထိုကျောင်းသားက မတ်တပ်ထရပ်လာသည်ကို သူမြင်လိုက်ရသည်။အစောပိုင်း၌ဖြစ်ပွား
ခဲ့သည့် သူတို့ရန်ပွဲကြောင့်မဟုတ်လျှင်ဆရာက သူ့ကိုခေါ်မှာမဟုတ်ဘူးလို့ ကျန်ချန်ယူဆမိလိုက်တယ်။

လုလောင်ရှီးက လှေကားဆင်းနေရင်းနှင့် မေးလာ၏။

"ကျန်ချန်,ဟုတ်တယ်မလား။"

"အင်း။"
ကျန်ချန်သူ့နောက်မှလိုက်၍လှေကားအတိုင်း ဆင်းခဲ့လိုက်သည်။
"ကျွန်တော့်ဆီက တစ်ခုခုလိုလို့လား?။"

"ရွှိကျုံးက ငါ့ကို မင်းအကြောင်းကြွားနေတာ။ စစ်မှန်ပြီးတစ်မူထူးခြားတဲ့ ရွှယ်ပါ့ရောက်လာပြီဆိုပြီး။"

"ဘယ်လို ,စစ်မှန်ပြီးတစ်မူထူးခြားတဲ့သူလဲ။"

လုလောင်ရှီးက သူ့ကိုလှည့်ကြည့်လာပြီး စကားအဓိပ္ပာယ်ကို ပြန်ရှင်းပြလာသည်။
"စစ်မှန်ပြီးတစ်မူထူးခြားတဲ့ ရွှယ်ပါ့လေ။ မင်း နားမလည်ဘူးလား။"

"အခု နားလည်ပါပြီ။"
ဒီမြို့ကလူတွေသည် တစ်မူထူးခြားတယ်ဆို
သော စကားကို တွင်တွင်ကျယ်ကျယ်သုံးကြမှန်းပထမဆုံးအကြိမ်အနေနှင့် ကျန်ချန်သိခဲ့ရသည်။

"ဆရာတို့ကျောင်းကရိုးရိုးအထက်တန်းကနေ အသက်မွေးဝမ်းကြောင်းသင်ရတဲ့ကျောင်းအ
ဖြစ်ပြောင်းသွားသေးတယ်။ နောက်ပိုင်းကျမှ ရိုးရိုးအထက်တန်းကျောင်းဆိုပြီးပြန်ဖြစ်လာတာ။"
လုလောင်ရှီး က ဆက်ပြောလာသည်။
"ဒါကြောင့် ,မင်းအရင်ကျောင်းကိုယှဥ်လို့မရ
ဘူး။ ဒါပေမဲ့ , ဒီကိစ္စက မင်းရဲ့ စာလေ့လာမှု အပေါ်မသက်ရောက်ဖို့ဆရာမျှော်လင့်တယ်။ အရင်အတိုင်းပဲ စာကိုဆက်ကြိုးစားသွားစေချင်တယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now