'လု 'အမည်ပါသော အင်္ဂလိပ်စာဆရာသည် လောင်ရွှိထက်ပိုပြီး အတန်းကို ထိန်းချုပ်နိုင်
၏။သူ့ကျောင်းသားတိုင်းကိုစာထဲတွင်အာရုံ
စူးစိုက်စေပြီးငြိမ်သက်အောင်လုပ်နိုင်သည်။
သူအမြဲတမ်းအော်ငေါက်ခြင်းကြောင့်ဖြစ်နိုင်သော်လည်း၊ သူ့စွမ်းဆောင်ရည်ကလောင်ရွှိထက်ကောင်းမွန်သည်။

ကျန်ချန် ယနေ့ တွေ့ခဲ့ရသောဆရာများသည် သူ့အရင်ကျောင်းမှဆရာများနှင့်မယှဥ်နိုင်ပေမယ့်၊လုလောင်ရှီးတစ်ယောက်က အတန်းကို ကောင်းကောင်း ထိန်းချုပ်နိုင်သည်။ အတန်းထဲမှာလှုပ်စိလှုပ်စိလုပ်နေသည့်ဘယ်သူ့မဆို လုလောင်ရှီးက သင်ကြားရေးညွှန်တံဖြင့်ညွှန်
၍ အကူအညီလိုလို,မလိုလို စောင်းမြောင်းပြီး မေးတတ်သည်။ ဤဖြစ်ရပ်သည် စာသင်ချိန်တစ်ချိန်လုံးဖြစ်နေတာကြောင့် သင်ခန်းစာထဲမှာ ကျန်ချန်အာရုံပြန်စူးစိုက်လိုက်တယ်။

အတန်းချိန်ပြီးဆုံးကြောင်း ခေါင်းလောင်းတီးသည့်အခါ တစ်တန်းလုံးသည် ထိန်းချုပ်ထားရသမျှကိုဖွင့်ထုတ်လာကြသည်။သူတို့တွေက အကြောဆန့်နေရင်းနှင့်ဟေးလေးဝါးလားနှင့် အော်ဟစ်လာကြ၏။

လုလောင်ရှီးသည် သင်ကြားရေးညွှန်တံဖြင့် အနောက်တန်းဆီသို့ ညွှန်လာသည်။
"မင်း , ငါ့နောက်လိုက်ခဲ့။"

"မင်း" ဟူသော" ညွှန်တံ"သည်လူအများကြီး ဖြစ်နိုင်ချေရှိသော်လည်းကျောင်းသားများရဲ့ ခေါင်းသည် အနောက်တန်းသို့တန်းစီ၍လှည့်ကြည့်လာကြသည်။ ကျန်ချန်သည် သူတို့ကို ဂရုမစိုက်ပေမဲ့၊အားလုံး၏အကြည့်တွေသည် သူ့ဆီကျရောက်နေမှန်းခံစားမိ၏။ဒါပေမယ့်
သူက ယခုမှ ကျောင်းပြောင်းလာတဲ့ကျောင်း
သားအသစ်ဖြစ်၍ ဆရာက သူ့ကို ခေါ် ဖို့ရန်
မဖြစ်နိုင်ချေ။


လုလောင်ရှီးက အသံမြှင့်ပြီး ပြောလာသည်။

"ကုဖေး!"

"ဟမ်,"
ကုဖေးသည် ခေါင်းငုံ့ပြီးတော့ဖုန်းကြည့်နေရာမှ လုလောင်ရှီး၏အော်သံကြောင့် လန့်ဖျပ်ပြီးစားပွဲပေါ်မှာ တင်ထားသည့်ဖုန်းပင် ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။ကုဖေးက လုလောင်ရှီးကိုမော့ကြည့်ပြီးနောက်၊ကျန်ချန်ကိုခေါင်းလှည့်ကြည့်လာသည်။
"သူ မင်းကို ခေါ်နေတယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now