ထိုအခါ လောင်ရွှိက ပြောလာပြန်သည်။
"မင်း သူ့ကို ဘာသွားကြည့်တာလဲ။သူ့အဆင့်တွေနဲ့တင် မင်းတို့အားလုံးကို နောက်ကောက်ချန်ထားခဲ့လို့ရတယ်။"

တစ်တန်းလုံးက "အိုး...."ဟု သံပြိုင်ထွက်လာ
၏။
"ရွှယ်ပါ့....!"

"လောင်ရွှိက အခု အဓိကပြုစုပျိုးထောင်ရမဲ့မျိုးစေ့ကောင်းလေးကိုရသွားပြီပေါ့,အာ.....။"
ကုဖေးသက်ပြင်းချလိုက်မိတယ်။လောင်ရွှိဆိုတဲ့ဆရာက အလုပ်သင်အရည်အချင်းမျှသာရှိသောကြောင့်ဖရိုဖရဲဖြစ်နေသောအတန်းမျိုးကိုသင်ဖူးမှာမဟုတ်ချေ။သူ့၏စကားတစ်ခွန်း
နှင့် ကျန်ချန်ကိုစံနမူနာထားပြီး တစ်တန်းလုံးဆီမှ ခွဲထုတ်ပစ်သလိုဖြစ်သွား၏။

ထိုလောင်ရွှိက သူ့အမေ,သူ့ကိုတမင်ဒုက္ခပေး
ဖို့လွှတ်ပေးလိုက်သည့်သူလျှိုများလားဆိုတဲ့သံသဃနှင့် ကျန်ချန် သူ့ကို လှမ်းကြည့်လိုက်မိသည်။

ဒါပေမဲ့ ,တစ်ခြား ကျောင်းသားတွေ၏ရန်စမှုများကို သူကြောက်နေမှာမဟုတ်ချေ။အတန်းထဲသို့စပြီးဝင်လာချိန်တုန်းကကဲ့သို့ သူ့ဒေါသတွေကို ထိန်းချုပ်ထားမှာမဟုတ်ဘူး။ဒါပေမဲ့အတန်းပိုင်ဆရာတစ်ယောက်က ဖရိုဖရဲနိုင်
သည့်စာသင်ခန်းထဲမှာ သူ့အဆင့်တွေကိုချီး
ကျူးနေတာမျိုးမလိုချင်ပေ။

သူတို့ ပြောနေကြသည့် "ရွှယ်ပါ့" ဆိုသည့် စကားနှစ်လုံး၏စာလုံးတစ်လုံးချင်းစီတိုင်းတွင်လှောင်ပြောင်သရော်မှုတွေပါနေ၏။

"တော်လောက်ပြီ။ "
လောင်ရွှိက လည်ချောင်း ရှင်းလာသည်။
" သင်ခန်းစာ ပြန်ဆက်ရအောင်,.ဆရာတို့ဘယ်နားရောက်သွားပြီလဲ?။"

အစောပိုင်းတွင်, လောင်ရွှိသင်သည့် သင်ခန်း
စာများကို သူကောင်းကောင်းနားမထောင်ခဲ့ရတာဖြစ်ပြီး၊ယခုတွင်မူ သူ စာလိုက်နားထောင်ချင်စိတ်မရှိတော့ချေ။သူ စားပွဲပေါ်မှာမှောက်အိပ်ပြီး အိပ်ကပ်မှဖုန်းကိုထုတ်လိုက်တယ်။

အတိတ်တုန်းကဆိုလျှင် ,စာသင်ခန်းထဲတွင်ဖုန်းကိုသူခိုးလိုမျိုးသုံးရခြင်းဖြစ်သည်။ဖုန်းသံနှင့်မီဒီယာအသံကိုလည်း ကြိုပိတ်ထားဖို့ လိုအပ်သည်။ထို့နောက်နားကြပ်ကြိုးမတပ်ခင် နားကြပ်ကြိုးကို အကျီတီရှပ်အောက်မှာအရင်ဖုံးထားပြီးမှ တပ်ခဲ့ရခြင်းဖြစ်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now