ကျန်ချန် သက်ပြင်းဖွဖွချလိုက်မိတယ်။
ဒီလိုမျိုး အထင်လွဲမှုကြားတွင် သူက
"ပင်ကိုဗီဇပြောင်းလဲသွားခြင်း "ဆိုတဲ့
အပိုင်းကဏ္ဍမှာပါဝင်လာသည်။

ဖန်းကျိက လက်ခုပ်တီးလာ၏။
"ဒီနားမှာ တောင်ရှိတယ်မလား?။ နှင်းကျတာ သွားကြည့်ရအောင်။ "

"ဒီလောက် အေးနေတဲ့ ရာသီဥတုမှာ တောင်တက်မယ်။မင်းဦးနှောက်ခဲသွားမှာမကြောက်ဘူးလား။အရင်လိုသွက်သွက်လက်လက်မရှိတော့ပဲနေလိမ့်မယ်။ပြီးတော့ မင်းက နှင်းကျတာမမြင်ဘူးလို့လား?။"

"ဒီမြို့က ငါတို့မြို့ထက်နှင်းပိုကျတယ်။"
ဖန်းကျိ သူ့ပခုံးပေါ် လက်တင်လာသည်။

"ချန်အာ,ဒီအစ်ကိုကမင်းကို လေကောင်းလေသန့်ရှုဖို့ ခေါ်သွားပေးမယ်။နေရာသစ် ပြောင်းလာရလည်းဘာအရေးလဲ?။ မိဘတွေ ပြောင်းသွားလည်း. ..ဘာအရေး...အင်း....ဒါကတော့ အရေးကြီးသွားပြီ။ငါ စကားဘာပြောရမှန်းမသိတော့ဘူး။"

"သွားမယ်,သွားမယ်,တောင်သွားတက်မယ်။"
သူ့ပခုံး ပေါ်မှာတင်ထားသည့် လက်မောင်းကို ကျန်ချန်ဖယ်ချလိုက်တယ်။
"ငလူးတဲ့မှ ,ဘာကို ဘာအရေးလဲ?။"

...

ကစားပွဲပြီးသွားသည့်အခါ ကုဖေးခန္ဓာကိုယ်သည်တက်တက်ကြွကြွရှိလာပြီးလွန်ခဲ့တဲ့နှစ်ရက်တုန်းကထိုင်းမှိုင်းနေခဲ့တဲ့စိတ်များ လွင့်စင်သွားသည်။သူ့အပေါ်အကျီကိုပြန်ဝတ်ပြီးကွင်းထဲမှာစိတ်လှုပ်ရှားနေကြတဲ့လူတွေကို လှည့်ကြည့်ပြီး ထွက်လာခဲ့သည်။
"ကျေးဇူး။"

ထိုအခါ မေးခွန်းမေးရတာကိုအကျင့်ဖြစ်နေပုံရသည့် ကစားသမားကထပ်မေးလာပြန်၏။
"ထပ်မကစားတော့ဘူးလား?။"

ကုဖေး မေးလိုက်တယ်။
"ကောင်းပြီ,တခြားကစားပွဲဆိုရင်ကော?။"

ကုဖေးမေးလိုက်သည့်အခါ အားလုံးကအသံတိတ်သွားပြီး အခက်တွေ့နေသော မျက်နှာအမူအရာတွေဖြစ်သွား၏။

သူတို့ကိုကြည့်၍ ကုဖေး ပြုံးလိုက်ပြီး အနွေးထည်ဇစ်ကို ဆွဲပိတ်လိုက်တယ်။
"သွားကြမယ်။"

သူတို့တွေ အားကစားရုံအပြင်ရောက်သည့်
တိုင်လျိုဖန်းက မြောက်ကြွမြောက်ကြွ ဖြစ်နေသည်။
"ပျင်းစရာကောင်းလိုက်တာ, ကစားကွင်းကိုသွားပြီး ကွင်းတစ်ကွင်း ငှားမယ်လို့ ငါပြောသားပဲ။ဒါပေမဲ့ မင်းက ကျောင်းကို သွားဖို့ပဲ
အတင်းပြောတယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now