ထို့နောက် သူကရန်လိုသည့်အမူအယာနှင့်
ဆက်ပြောလာသည်။
"ငါတို့အသင်းလည်း တစ်ယောက်ထွက်သွားလို့လူလိုနေတာ။မင်းလူစားထိုးဝင်ချင်လား။"

"မဝင်ချင်ဘူး။"
ကျန်ချန် ချက်ချင်းငြင်းလိုက်တယ်။

"မဝင်ချင်ဘူး?။"
လီယန်က အံ့သြသွား၏။တစ်ဖက်လူက သူ့အစီအစဥ်ကို ဝမ်းသာအားရလက်ခံလိမ့်မည်ထင်ခဲ့သော်လည်း ၊ တစ်ဖက်လူက သူ့စကားကိုမစဥ်းစားပဲနှင့်ချက်ချင်းငြင်းလာသည်။
"ဘာဖြစ်လို့လဲ?။"

"ခန့်မှန်းကြည့်လေ။"
ကျန်ချန် မတ်တတ်ရပ်လိုက်ပြီး အားကစားရုံအပြင်ဘက်သို့လျှောက်သွားလိုက်တယ်။ဖန်းကျိကလည်းထိုလူများကိုချန်ပြီးသူ့နောက်သို့
လိုက်လာသည်။

"မင်းနဲ့မင်းရဲ့ပြသာနာတွေက......,"
ဖန်းကျိက အားကစားရုံအပြင်ဖက်သို့ရောက်
သည့်အခါ လည်ချောင်းရှင်းပြီးမေးမြန်းလာခဲ့သည်။
"ဟိုအဖွဲ့နဲ့ရန်ငြိုးရှိလို့လား ?။"

ကျန်ချန် သူ့ကို လှည့်ကြည့်လိုက်တယ်။
"ငါ ဒီရောက်တာ သုံးရက်ပဲရှိသေးတယ်။"

"ဟုတ်တယ်,သုံးရက်ဆိုတဲ့အချိန်က သူများနဲ့ ပြသာနာဖြစ်ဖို့ တိုတောင်းလွန်းတယ်။"
ဖန်းကျိက သက်ပြင်းချလာသည်။
"ဒါပေမဲ့ ,မင်းက လူတိုင်းကိုစိတ်ရှုပ်စရာလို့မြင်နေတာလေ။"

"မင်းမြင်တဲ့အတိုင်းပဲ....,အိုကေ။"

"Ayy..,မင်းနဲ့ဟိုတစ်ယောက်ကဘယ်လိုသိကြတာလဲ?။ ဒုတိယနှစ်ဆိုတဲ့တစ်ယောက်လေ။"

"အိမ်နီးနားချင်း။"

"တစ်တိုက်တည်းလား?။"

"မဟုတ်ဘူး ,ဘေးချင်းကပ်ရပ်လမ်းကြား။"

"အာ....."
ဖန်ရှီက သူ့ကို နားမလည်နိုင်စွာကြည့်လာ၏။

ထိုအကြောင်းကိုနားလည်ဖို့ ဖန်းကျိအတွက်ခက်ခဲနေမယ်ဆိုတာ သူသိတယ်။ သူတို့တွေ အားလုံးက အိမ်ရာမြေစီမံကိန်းအိမ်ယာဝင်းထဲမှာ အတူတူ ကြီးပြင်းလာခဲ့ကြတာဖြစ်ပြီး၊ အိမ်နီးနားချင်း ဆိုသည်မှာ အဆောက်အဦး တစ်တိုက်တည်းတွင်နေကြတဲ့အိမ်နီးနားချင်းနှင့် အိမ်ယာဝန်းထဲမှာနေကြသည့် အိမ်နီးနား
ချင်းတွေပဲရှိသည်။အဆောက်အဦးတစ်တိုက်
တည်းနေကြတဲ့အိမ်နီးနားချင်းဆိုလျှင်၊ လမ်းတွေ့သည့် အခါ တစ်ယောက်နှင့်တစ်ယောက် ခေါင်းငြိမ့်နှုတ်ဆက်ကြပြီး၊အိမ်ယာဝန်းထဲမှာနေထိုင်ကြသည့် အိမ်နီးနားချင်းတွေဆိုလျှင် မျက်မှန်းတန်းမိတယ်ဆိုရုံမျှ သိကြ၏။ ယခု
လိုမျိုးဘေးချင်းကပ်ရပ်လမ်းကြားမှာနေထိုင်
သည့် အိမ်နီးနားချင်းဆိုတာမျိုးသိဖို့ရန်မဖြစ်နိုင်ချေ ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now