Chapter 6;ဒီကမ္ဘာပေါ်က တိုက်ဆိုင်မှုအားလုံး ငါနဲ့သက်ဆိုင်နေတယ်။
ကျန်ချန်သည် ထိုင်နေရတာညောင်းလာသောကြောင့်ခြေထောက်ကို ဆန့်ပြီးအညောင်းဆန့်လိုက်တယ်။အစောပိုင်းတွင်ကွင်းထဲမှာကစားနေသည့်ကစားသမားများရဲ့အရည်အချင်းက အနေတော်လို့ပြောလို့ရသည်။အကယ်၍ သူ ဘက်စကတ်ဘော ရူးဖိနပ်ကို စီးလာခဲ့လျှင် ၊ သူနှင့်ဖန်းကျိနှစ်ယောက်ပေါင်းပြီးထိုသူတွေ
နှင့် '၅ယောက်၂ယောက် 'ဝင်ကစားရသည်။ ဒါပေမဲ့,ထိုသူတို့များကစားနေမှုကိုအပေါ်စီး
မှထိုင်ကြည့်နေရခြင်းသည် သူ့အတွက်ပိုပြီး စိတ်ဝင်စားစရာကောင်းလာသည်။သို့သော်,ကုဖေးနှင့်သူ့သူငယ်ချင်းနှစ်ယောက် ကွင်းထဲဝင်သွားသည်နှင့်တစ်ပြိုင်နက်တည်း လေထုက ပြောင်းလဲသွား၏။
ကုဖေးရဲ့ဘက်စကတ်ဘောအရည်အချင်းက
ကောင်းမွန်သည့်အနေအထားမှာရှိနေပြီး၊ သူ့အရင်ကျောင်းမှာ ဆိုလျှင် ကုဖေးကကျောင်းပြိုင်ပွဲများကျင်းပချိန်တိုင်းလူအုပ်စုအင်အားကြီးမားလှသည့်မိန်းကလေးများ၏အားပေး
မှုနှင့်သဘောကျနှစ်ခြိုက်မှုတွေကိုခံနေရမည့် လူမျိုး ဖြစ်သည်။ ထို့ကြောင့်, သူ့မှာ ကစားပွဲကိုကြည့်နေရင်းနှင့်မူလကဝင့်ကြားနေခဲ့သည့် အရှိန်အဝါတွေ ပျောက်ကွယ်ချင်လာသည်။ကုဖေးနှင့်ပတ်သတ်ပြီးအဆိုးမြင်ဝါဒီမရှိဘူး
ဆိုသော်လည်း၊ အကောင်းမြင်တဲ့ သဘောမသက်ရောက်ပေ။သူ့အတွင်းစိတ်ထဲတွင် ကုဖေးနှင့်ပတ်သတ်၍"ဒီငတုံးကအရည်အချင်း ရှိတယ်။"နှင့် "ငါ့ဖင်ကြီးဘဲ အရည်အချင်းရှိ,
အဲ့ကောင် တမင် ဟန်ရေးပြနေတာ။" ဆိုပြီး တစ်ယောက်တည်းတိုက်ပွဲဖြစ်နေ၏။ဖန်းကျိက နားမလည်နိုင်သည့် အမူအရာနှင်ပြောလာသည်။
"ဟိုတစ်ယောက်ကစားတာကျွမ်းတယ်နော်။
ဒါပေမဲ့ မင်းတို့က ဘယ်လိုလုပ်ပြီးသိကြတာလဲ?။"ကျန်ချန် ခေါင်းညိတ်လိုက်တယ်။
"အင်း,အရင်ကျောင်းမှာ သူ ရှိရင် ငါ့အသင်းထဲရောက်လောက်တယ်။"ကျန်ချန် ဖန်းကျိကိုပြန်ဖြေနေစဥ်၊လီယန်က ဖန်းကျိအဖြေကိူ မစောင့်ပဲဝင်ပြောလာ၏။
"Oh,မင်းရဲ့ဘက်စကတ်ဘောအသင်းလား။"
YOU ARE READING
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]
Teen FictionType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^