ဖြစ်လာမဲ့အဖြစ်ဆိုးကြီးကို
ကြိုမစဉ်းစားခဲ့မိပဲပေါ့။
အတိတ်ကိုသာ ပြန်ပြင်ခွင့်ရမယ်ဆိုရင်
အဲ့ဒီနေ့ကို ပြန်ပြင်ချင်တယ်လို့
ကျွန်တော် ပထမဆုံး စဉ်းစားမိတဲ့အချိန်ပါ။

အဲ့ဒီ့နေ့က ကျွန်တော်
သူရဲဘောကြောင်ခဲ့မိတယ်။
ကျွန်တော်တို့ မိသားစုဟာ
ငယ်ငယ်ကတည်းက ယွမ်မိသားစုအပေါ်
သစ္စာရှိဖို့ ကတိပြုခဲ့ကြသူတွေပါ။

ဒါပေမဲ့ သခင်လေးကို
သေနတ်နဲ့ထောက်ထားချိန်မှာ
ကျွန်တော်ဘာလို့ ဝင်မကယ်မိတာပါလိမ့်။

ဒုတိယသခင်လေး
သေနတ်နဲ့ပစ်ခံရတဲ့အချိန်ထိ
ကားထဲမှာ ပုန်းနေမိတဲ့ကိုယ့်ကိုယ်ကို
မုန်းမိတယ်။

အချိန်တွေကိုသာ ပြန်ပြင်ခွင့်ရမယ်ဆိုရင်
ဒုတိယသခင်လေးအစား
ကျွန်တော့်ကိုယ်ကျွန်တော်ပဲ
စတေးခံလိုက်မှာပါ။

ပိုဆိုးတာက ဒီလိုလုပ်ခဲ့မိတဲ့အတွက်
သခင်ကြီးနဲ့သခင်မကြီးကရော
သခင်လေးကိုယ်တိုင်ကပါ
ကျွန်တော့်ကို ဘာအပြစ်မှ မတင်ခဲ့တာပါပဲ။

တကယ်လို့ ကျွန်တော့်ကို အပြစ်တင်ပြီး
ဒဏ်ပေးမယ်ဆိုရင်တောင်မှ
ကျွန်တော် လိုလားစွာနဲ့ လက်ခံမိမှာပါ။
ဒါပေမဲ့ ကျွန်တော့်အမှားမဟုတ်ဘူးလို့ပဲ
အကုန်လုံးက ပြောကြတယ်။

အဲ့အဖြစ်အပျက်ပြီးတဲ့နောက်မှာ
သခင်လေးဟာ ပုံမှန်လိုနေနိုင်ဖို့အတွက်
၃နှစ်လောက် ကြိုးစားခဲ့ရတယ်။
အိမ်မက်ဆိုးတွေ မက်ပြီး လန့်မနိုးဖို့
၅နှစ်လောက် ကြိုးစားခဲ့ရတယ်။

ကျွန်တော်ကတော့ အခုချိန်ထိ
အိမ်မက်ဆိုးထဲကနေ လန့်မနိုးနိုင်သေးပါဘူး
ဒီအပြစ်ကို ကျေဖို့အတွက်
ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့တယ်။

ဒါပေမဲ့ ဘယ်လိုလုပ်မှ ကျေနိုင်မှာလဲ။
ဘယ်လိုလုပ်မှ ဒုတိယသခင်လေးရဲ့
အသက်ကို ပြန်ရနိုင်မှာလဲ။
အဖြေမရှိတဲ့မေးခွန်းအတွက်
ကျွန်တော့်မှာ ရင်ဆိုင်နိုင်တဲ့သတ္တိမရှိပါဘူး။

ဒါကြောင့် ကျွန်တော့်ဘဝကို
သခင်လေးအတွက်ပဲ ပေးဆပ်ထားဖို့
ဆုံးဖြတ်ထားခဲ့တယ်။

Villain And His Cheating System(Own Creation)حيث تعيش القصص. اكتشف الآن