Wei XingChen

2.3K 382 8
                                    

ဟိုင်း...။
နီဟောင်...။ကျွန်တော်က ချူးဝမ်ချန်းပါ။

ဘာလဲ....။ခင်ဗျားတို့ ကျွန်တော့်ကို
မမှတ်မိတော့ဘူးလို့တော့ လာမပြောနဲ့နော်။
အကုန်ဆွဲစားပစ်မှာ..။ဝွန်း....။

လွန်ခဲ့တဲ့ ၂ပိုင်းလောက်ကတင်
ပါခဲ့သေးတယ်လေဗျာ။
ချူးဝမ်ချန်းလေ။ချူးဝမ်ချန်း။
အတွင်းရေးမှူးချူးပါဗျ။

ကဲ...ဘယ်လိုလဲ?
မှတ်မိပြီဟုတ်?
ဝွန်း...တကယ်ပဲ။နာကျင်မိ :')

Author-အာလူးဖုတ်နေတာ ရပ်တော့။
သင်ပေးထားတဲ့အတိုင်း ပြောစရာ ရှိတာပြော။

ချူးဝမ်ချန်း- :')

အဟမ်း.. အဟမ်း...

ဟိုင်း..နီဟောင်။ကျွန်တော်က ချူးဝမ်ချန်းပါ။
ရေခဲလူသားကြီးယွမ်နင်ရဲ့ အတွင်းရေးမှူးပေါ့။
ကျွန်တော် သူ့ကို ဒီလိုခေါ်တယ်ဆိုတာ
ယွမ်နင်ကြီးကို ပြန်မတိုင်ကြနဲ့အုံးနော်။
တော်ကြာ ဘယ်ကအသက်ထွက်လို့ ထွက်မှန်းမသိ
ဖြစ်နေမှ ဒုက္ခ။

ကျွန်တော်တို့ ချူးမိသားစုဟာ
ယွမ်မိသားစုကို မျိုးရိုးစဉ်ဆက်
အလုပ်အကျွေးပြုလာတာဗျ။
အခုဆိုရင် မျိုးဆက်၇ဆက်ရှိပြီပေါ့။

ကျွန်တော်ဟာလည်း ငယ်ငယ်ကတည်းက
သခင်လေးကို အထောက်အကူဖြစ်စေဖို့အတွက်
လေ့ကျင့်ပေးခံထားရသူ တစ်ဦးပေါ့ဗျာ။

သို့သော်လည်း ကျွန်တော်ဟာ
သခင်လေးနဲ့ အသက်က
မတိမ်းမယိမ်းဆိုတော့ကာ
ငယ်ငယ်ကတည်းက သခင်လေးတို့ညီအကိုနဲ့
ကစားဖော် ကစားဖက်ဖြစ်လာခဲ့ပါတယ်။

ပြောရရင် သူငယ်ချင်းမကျ သခင်မကျ
ဆက်ဆံရေးမျိုးပေါ့။

ဒါပေမဲ့ တစ်နေ့မှာတော့
သခင်လေးဟာ အရင်လိုမဟုတ်ပဲ
အေးစက်လာခဲ့ပြီး
သူ့ပတ်ဝန်းကျင်ကလူတွေနဲ့
သူ့ကြားမှာ စည်းတစ်ခု ခြားလာခဲ့တယ်။

အဲ့ဒီနေ့က မိုးတွေရွာနေတဲ့နေ့ပါ။
အမှန်ပါပဲ။အဲ့ဒီအဖြစ်အပျက်ထဲမှာ
ကျွန်တော်ကိုယ်တိုင်လည်း
ပါဝင်သူ တစ်ဦး ဖြစ်နေခဲ့ပါတယ်။

ကလေးတစ်ယောက်အနေနဲ့
အဆော့မက်တယ်ဆိုတာ ပုံမှန်ပါပဲ။
ဒါကြောင့် သခင်လေးရယ်၊
ဒုတိယသခင်လေးရယ်၊ကျွန်တော်ရယ်။
၃ယောက်သား မိဘတွေတားတဲ့ကြားက
ကစားကွင်းသွားဖို့ ပြင်ခဲ့ကြတယ်။

Villain And His Cheating System(Own Creation)Where stories live. Discover now