Wei Xing Chen

4.2K 534 12
                                    

Zawgyi

Systemကို စိတ်ရှိလက်ရှိ မေတ္တာပို့ပြီးနောက်
မျက်စိရှေ့မှာ ပေါ်နေသော စာတန်းများကို
ပြန်ကြည့်လိုက်သည်။

*Name- ဝေ့ရှင်းချန်(Wei XingChen)

Level-0

Skills-God Level Hacker,God Level Player,God Level Cheater.

Level 1 တက်ရန် လိုအပ်သော skill points -0/100

သိုလှောင်ရုံ - ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း packagex1၊
စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်းpackagex1၊အရည်အချင်းများကို မြှင့်တင်ခြင်းpackagex1၊system၏ အထောက်အကူ ရရှိခြင်းကဒ်x1၊system shopမှ itemများကို
freeဝယ်ယူနိုင်ခွင့် ရရှိခြင်းကဒ်x1၊system၏ အထူးမေတ္တာလက်ဆောင်ကဒ်x1။*

"System packageတွေ အကြောင်းကို ရှင်းပြပေးပါ"

*ကောင်းပါပြီ host။*

*ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်းကတော့ hostရဲ့ လက်ရှိခန္ဓာကိုယ်ကို ပြစ်မျိုးမှဲ့မထင်တဲ့ အလှဖြစ်အောင် ပြောင်းလဲပေးတဲ့ skillပါ။
ဘယ်လို ခန္ဓာကိုယ်မျိုးကိုမဆို အပြစ်ဆိုစရာမရှိတဲ့အထိ လှပသွားအောင် ပြု ပြင်ပေးမှာပဲ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်းကတော့ Eidetic memory ဖြစ်အောင် hostရဲ့ မှတ်ဥာဏ်ကို trainစရာ မလိုပဲ မြှင့်တင်ပေးမှာပဲ ဖြစ်ပါတယ်။

အရည်အချင်းများကို မြှင့်တင်ခြင်းကတော့ hostယူထားတဲ့ ခန္ဓာကိုယ်မှာ သင်ကြားထားတဲ့
Skillတွေကို God Levelအထိ တတ်ကျွမ်းအောင်
လုပ်ဆောင်ပေးမှာပါ။

system၏ အထောက်အကူ ရရှိခြင်းကဒ်ကတော့
Missionတွေလုပ်တဲ့အခါ Systemက ပါဝင်ကူညီပေးမှာပါ။Hostအဆင်ပြေသလို ခိုင်းပါ။

system shopမှ itemများကို
freeဝယ်ယူနိုင်ခွင့် ရရှိခြင်းကဒ်ကတော့ System Shopက Itemတွေကို တစ်နေ့ကို ၅ကြိမ်
အလကားဝယ်ယူနိုင်မှာပါ။၅ကြိမ်ထက် ကျော်ရင်တော့ skill pointနဲ့ ဝယ်ရမှာပါ။

system၏ အထူးမေတ္တာလက်ဆောင်ကဒ်ကတော့
Hostအတွက် သီးသန့်ဖန်တီးပေးထားတာပါ။
Hostက နောက်ထပ်ကမ္ဘာတွေမှာလည်း နိုင်ငံပေါင်းစုံသွားရမှာဆိုတော့ ဘာသာစကားတွေကို နားလည်နိုင်ဖို့က အရေးကြီးတယ်လေ။
ဒါကြောင့် ဘာသာစကားတစ်ခုကို တစ်ခါကြားဖူးရုံနဲ့
ဒေသခံတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်
ပြောနိုင်မဲ့ skillကို ဖန်တီးပေးထားတာပါ။*

Villain And His Cheating System(Own Creation)Where stories live. Discover now