အခန်း ၃

1.8K 244 11
                                    

ရဲ့ဟွာနဲ့ သူ့သားကွေ့သွားတဲ့ လမ်းအတိုင်းအနောက်က လိုက်သွားပြီး ရှေ့မှာတွေ့လိုက်ရတဲ့ လမ်းဆုံကို ကြည့်နေတုန်းမှာပဲ မြောက်ဘက်ကနေ ငါ့ဆီတည့်တည့်လျှောက်လာနေတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။ ဝတ်ထားတဲ့ အဝတ်အစားနဲ့ မိတ်ကပ်ကိုကြည့်ရရင်တော့ ဒီမှာပွဲတော်ရှိနေမှန်းတောင် သိတဲ့ပုံမရဘူး။

သူလာနေတဲ့လမ်းကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ ဒီနေ့အဖို့ကံကြမ္မာက တကယ်ကို အကျင့်မကောင်းမှန်း သိလိုက်တယ်။

ကိုယ်ဝန်ကတော်တော်လေး လရင့်နေပေမယ့် ဒီမိန်းမက ခြေလှမ်းတာတော်တော်သွက်ပြီး အားအင်တွေက အပြည့်အဝကိုရှိနေတဲ့ပုံပဲ။ တိမ်ခွဲယပ်တောင်ကိုထုတ် လက်ထဲမှာကိုင်ထားလိုက်တယ်။ ယပ်တောင်ကို ဘယ်ကနေညာကိုခတ်လိုက်ရင် ဒီမိန်းမ မြောက်ဘက်ပင်လယ်ကို ပြန်လွင့်သွားမလားမသိဘူး။ ဒါပေမဲ့ သူ့ရဲ့လရင့်နေတဲ့ ကိုယ်ဝန်ကိုကြည့်လိုက်မိတော့လည်း စိတ်ကပြန်ပျော့သွားတော့ ယပ်တောင်ကို ပြန်သိမ်းထားလိုက်တယ်။

ငါရှိတဲ့ဘက်ကိုဆက်လျှောက်လာပြီး အရှေ့‌ရောက်တော့ ဒူးထောက်ချလိုက်တယ်။ သူအရိုအသေပေးတာမခံချင်လို့ ဘေးဘက်ကိုရွှေ့လိုက်တာကိုမြင်တော့ သူကစိတ်ရှုပ်သွားတဲ့ပုံနဲ့ ငါရွှေ့တဲ့ဘက်ကို လှည့်ပြီးဒူးဆက်ထောက်နေပြန်တော့ မကြိုက်ပေမယ့်လည်း နေရာဆက်မရွှေ့ရဲတော့ဘူး။ သူကတော့ ငါ့ကိုမော့ကြည့်ပြီး မျက်ရည်တွေဝဲလာလိုက်တာ။ သူ့ရုပ်ကလွန်ခဲ့တဲ့ နှစ်၅ သောင်းတုန်းက တွေ့ခဲ့ရသလိုပဲ ဘာမှထူးခြားပြီးပြောင်းလဲမသွားပါဘူး။ မျက်နှာက နည်းနည်းတော့ ဖောင်းနေပေမယ့်လို့ပေါ့။

ဒီဘက်ခေတ်မသေမျိုးတွေ သတ်မှတ်တဲ့ အချောအလှပုံစံက နူးညံ့သိမ်မွေ့တဲ့ပုံလား ဒါမှမဟုတ် လုံးကြီးပေါက်လှပုံမျိုးလား မပြောတတ်ဘူး။ ခုနကတွေ့ခဲ့ရတဲ့ မသေမျိုးယောကျ်ားတွေအားလုံးက လွီရှို့ရဲ့ နွဲ့နှောင်းတဲ့ ပုံလေးကို တောတော်ကြိုက်ကြတော့ သူ့လိုပုံစံမျိုးက ဒီဘက်ခေတ်သဘောကျကြတဲ့ ပုံစံလို့ထင်မိလိုက်တာ။

ငါသဘောမကျတဲ့ လူတွေနဲ့ဆုံရတိုင်း သူတို့နားမထောင်လိုတဲ့ ကိစ္စတွေ ထုတ်ပြောတာက ငါ့ရဲ့ထူးခြားတဲ့ အကျင့်လို့ပြောရမလားပဲ။ ဒါပေမဲ့ ဘာတွေပဲဖြစ်လာလာ သူ့ရဲ့တက်လာတဲ့ဝိတ်အကြောင်းကို ထုတ်မပြောဖို့တော့ ကိုယ့်ကိုကိုယ် သတိပေးလိုက်တယ်။ အချင်းချင်းမတွေ့ရတာ နှစ်သောင်းချီရှိနေပြီး သူနဲ့ငါ့ကြားပြဿနာလေးတွေ ရှိနေပေမယ့်လို့ သူက ငါတို့လိုဝါကြီးတဲ့ မသေမျိုးတစ်ယောက်ဖြစ်နေပြီး ဒီလို ကျင့်ဝတ်နဲ့အညီပြုမူနေတဲ့ကြားက ဒီလိုမတရားသဖြင့် ထုတ်ပြောလိုက်တာကြီးကတော့ မကောင်းဘူးမလား။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now