သူမ ညွှန်ပြနေသည့်နေရာကို ကျန်ချန်လှမ်းကြည့်သည့်အခါ၊ သူ့လိုမျိုး အံ့သြနေသည့် ကုဖေးကိုတွေ့လိုက်ရသည်။

ကုဖေးက သူတို့နားသို့လျှောက်လာ၏။။
"တစ်ခြားစားပွဲဝိုင်းသွားရအောင်။ဒီစားပွဲက
ဒီကကိုကို ယူထားပြီးပြီလေ။"

ကုမြောင်က ဘေးစားပွဲဝိုင်းတွေလိုက်ကြည့်ပြီး တံတွေးမျိုချလာသည်။ထို့နောက် သူမ က နေရာမှာမရွေ့ဘဲဆက်ထိုင်နေ၏။

ကုဖေးက ဆိုင်အတွင်းဘက်သို့ လက်ညိုးထိုးပြလာသည်။
"စားပွဲထိုးက တစ်ခြားဝိုင်းတွေ ရှိသေးတယ်လို့ ငါ့ကိုပြောတယ်။ငါတို့ ဟိုနေရာသွားကြမယ်လေ။ "

ကုမြောင်က နည်းနည်းမျှမထချေ။ သူမက
ကုဖေးကို မျက်နှာသေနှင့်စိုက်ကြည့်နေ၏။ ယခုချိန်ထိသူမဘာပြောချင်နေမှန်းကျန်ချန် နားမလည်နိုင်ဖြစ်နိုင်၏။

ထိုကဲ့သို့ မတိုးသာမဆုတ်သာအခြေအနေတွင် ကုဖေးက ကျန်ချန်ကိုလှည့်ကြည့်လာသည်။

"ဟင်?"
ကျန်ချန် သူ့ကိုပြန်ကြည့်လိုက်တယ်။

ကုဖေးက မေးလာ၏။
"မင်းက တစ်ယောက်တည်းလား?။"

ကျန်ချန် သူ့ကို "အင်း"လို့အသံပြုလိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။

စားပွဲထိုးသည် သူတို့ဝိုင်းသို့ လျှောက်လာပြီး အသားကင်စက်ကို ဖွင့်၍ ဆီစက္ကူရွက်ကိုပင် အကင်စက်ပေါ်မှာဖြန့်ပေးလာသည်။ကျန်ချန်ဟင်းခတ် အမွှေးအကြိုင်များကို အသားပေါ်တွင် သုတ်လိမ်းပြီး အကင်စက်ပေါ်တင်လိုက်
တယ်။

ကုဖေး ခဏမျှတုံ့ဆိုင်းနေပြီး စကားပြောလာ
သည်။
"ဒါဖြင့်, ငါတို့......အတူတူထိုင်စားလို့ရလား။"

ကျန်ချန် သူ့ကိုမော့ကြည့်လိုက်တယ်။
"အိမ်မက်ထဲမှာစောင်လျှော်နေလိုက်။"

သို့သော်လည်း ကုမြောင်ကမျက်ဝန်းကြီးကြီးတွေနှင့်သူ့ကိုစိုက်ကြည့်လာသည်။သူမမျက်
ဝန်းများသည် သူ့ပါးစပ်ထဲမှ စကားလုံးထွက်လာမယ့်အရေးကိုခက်အောင်လုပ်နေ၏။ ထို့ကြောင့် ကျန်ချန် အသားကင်ပေါ်တွင်ဆော့စ်စမ်းနေရင်းကုဖေးကိုခေါင်းညိတ်လိုက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Där berättelser lever. Upptäck nu