"ဒီနေ့ရော လဲလှယ်အစီအစဉ်ရှိသေးလား။"
ကုဖေး စားပွဲထိုးကိုမေးလိုက်တယ်။တစ်ခြားကူပွန်တွေကိုရှာရန် သူ့အိပ်ကပ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်တယ်။ထို့နောက်ကုမြောင်ခေါင်းကို တစ်ချက်တောက်လိုက်ပြီး စကား
ပြောလိုက်တယ်။
"စားပွဲဝိုင်း အရင်သွားရှာထားလိုက်။"

ကုမြောင်ကစကိတ်ကိုကြမ်းပြင်မှာချပြီး ခြေ
ထောက်တစ်ဖက်ကိုစကိတ်ပေါ်တင်လိုက်ချိန်
တွင်သူမရဲ့စကိတ်ပေါ်သို့ ကုဖေးခြေထောက် တစ်ဖက်နှင့် အမြန်ဖိထားလိုက်တယ်။
"လမ်းလျှောက်ပြီးသွား။"

စားပွဲထိုးလေးက ဝင်မေးလာသည်။
"စကိတ်ကို ကောင်တာနောက်မှာသိမ်းထားပေးရမလားခင်ဗျ။"

ကုမြောင်သည် ချက်ချင်းပင် စားပွဲထိုးလေးကို ခေါင်းယမ်းပြလိုက်ပြီး၊ စကိတ်ကို ယူ၍ အစောစောကအတိုင်းသူမရင်ခွင်ထဲမှာပိုက်လိုက်သည်။

သူတို့နှစ်ယောက်စကားဝိုင်းကို ကုဖေးဝင်ပြောလိုက်တယ်။
"သူ့ပစ္စည်းသူသိမ်းနိုင်တယ်။"

ကုမြောင်က စကိတ်ကိုရင်ခွင်ထဲမှာ ပိုက်ပြီး ဆိုင်ထဲသို့ပြေးဝင်သွားသည်။
.....

ဖန်းကျိက တံတွေးမျိုချလာ၏။
"Fuck , မင်းပြောတာကို နားထောင်ပြီး ဗိုက်
ဆာလာပြီ။ ငါ မင်းဆီ မနက်ဖြန်ရောက်မယ်။
ငါရောက်ရင် ,မင်းငါ့ကိုဝယ်ကျွေးဖို့ပြင်ထား။ ဒီမှာက ဈေးနှုန်းချိုချိုနဲ့အစားအသောက်များများရဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။"

"နှစ်သစ်ကူးတုန်းက မင်းမိသားစုက မင်းကို
မုန့်ဖိုးပေးတယ် ,မဟုတ်ဘူးလား။"
ကျန်ချန် ဖုန်းကိုနားရွက်နှင့်ပခုံးကြားမှာ ညှပ်လိုက်တယ်။သူကလက်တစ်ဖက်ဖြင့်ပန်းကန်
ပြားကိုကိုင်ပြီး၊ကျန်လက်တစ်ဖက်နှင့်ညှပ်တူကိုကိုင်၍ သုံးထပ်သားနှင့်အမဲသားလွှာတို့ကို လှမ်းယူလိုက်သည်။သူက အသားကို ကြိုက်
နှစ်သက်သောကြောင့်၊အစားအသောက်တွေခင်းကျင်းထားသည့်တစ်ခြားအတန်းတွေဆီသို့ သွားစရာမလိုတော့ချေ။

"ဒီကိစ္စက မတူဘူးလေ။ "
ဖန်းကျိကမကျေနပ်တဲ့အသံနှင့်ပြောလာ၏။
"အရင်တစ်ပတ်က,ငါတို့ဘာဘီကျူးသွားစားဖို့စီစဉ်ပြီးသားမဟုတ်ဘူးလား။ပြီးတော့ တစ်ယောက်သောသူက ထွက်သွားခဲ့လို့၊အတူတူ သွားပြီးမစားလိုက်ရဘူးလေ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now