နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်နှင့် အကွာအဝေးတစ်ခုထား၍ လျှောက်လာကြသော်လည်း ဆယ်တန်းအခန်းရှေ့သို့ရောက်မှ ငွေရှိုင်း၏ပခုံးကို သိုင်းဖက်ကာ ဖြတ်လျှောက်လာခဲ့သည်။

Angry birdအနီကောင်သည် ရှေ့ဆုံးအတန်းတွင် မိန့်မိန့်ကြီးထိုင်နေသည့်အတွက် ကျွန်တော်တို့ကို မြင်သည့်အပြင် သူ၏မြင်ကွင်းမှ ပျောက်မသွားမချင်း မျက်မှောင်ကြုတ်လျှက် ကြည့်နေသောကြောင့် ကျေနပ်ပြုံးသည် ကျွန်တော့မျက်နှာပေါ်မှ မဆင်းတော့ပေ။

*အဲ့မှာ....ကလိကလိ ဖြစ်ကျန်နေခဲ့လိုက်ဦးပေါ့ကွာ....*

တော်သေးသည်က ငွေရှိုင်းသည် ကျွန်တော့အား ဆယ်တန်းအခန်းကိုလွန်လာမှ တွန်းထုတ်ခဲ့ခြင်းပင်။

"မင်းငါနဲ့ ဝေးဝေးနေပေးလို့မရဘူးလား..."

ကျွန်တော်သည် သူ့ဘေးမှ ခြောက်ပေအကွာလောက်အထိ ခွာရပ်ပြီးမှ...ပြုံးစိစိနှင့်...

"ဒီလောက်ဝေးရင် ရပြီလား...ထပ်ပြီးတော့
ဝေးပေးဖို့ လိုသေးလား..." ဟု မေးလိုက်တော့ စူးစိုက်ကြည့်နေရာမှ မျက်နှာလွှဲသွားသည်။

ငွေရှိုင်းမျက်လုံးထဲမှာ ကျွန်တော်က
မျက်နှာရူးကောင်ကြီးဖြစ်နေမှာ အသေအချာပဲ...။
.
.
.
ဆရာမခိုင်းလိုက်သည့်အလုပ်ကို မြန်မြန်ပြီးအောင်လုပ်ရမှာမို့ ကွန်ပျူတာခန်းသို့အရောက်တွင် ငွေရှိုင်းကို စနောက်ခြင်းမပြုမိတော့ပေ။

Print ထုတ်ရမည့်ဖိုင်ကို တွေ့သည်နှင့် ဖွင့်ကြည့်လိုက်သည်။ ဖိုင်ထဲတွင် အလင်းဝေတို့ကိုးတန်းမှ ကျောင်းသားများ၏ အချက်အလက်များရှိနေသည်။ အလင်းဝေသည် မြန်မြန်ပြန်သွားရမည်ဟု စိတ်တွင်စွဲနေသော်လည်း ငွေရှိုင်း၏နာမည်ကို လက်ကရှာဖွေမိလျှက်သား...။

အဖနာမည်- ဦးမင်းခေါင်ဦး
အမိအမည်- ဒေါ်ငုဝါစိုး
မွေးသက္ကရာဇ်- ၁၂.၉.၁၉၉၂
မွေးချင်းမောင်နှမ- တစ်ယောက်

အလင်းဝေတွေ့ခဲ့ရသည်က ငွေရှိုင်းကျောင်းတက်ရန်အတွက် ပြင်ဆင်ပေးထားသော အချက်အလက်များဖြစ်လေသည်။ မထင်မှတ်ဘဲ သိခဲ့ရသော မွေးသက္ကရာဇ်သည် အလင်းဝေကိုပြုံးသွားစေ၏။ ထို့နောက် သူနှင့် မလှမ်းမကမ်းတွင် ထိုင်နေသူ ကြားသည်အထိ အော်ပြောလိုက်လေသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now