သူ့ကို ပြုံးစစနဲ့ လက်ယမ်းပြနေသော ထိုသူ
ငယ်ကို ကြည့်ရင်း Yoongi သူတစ်ယောက်
တည်းသာ ဒိုင်ခံလိုက်ရှာ လိုက်ချင်တော့သည်
" အဲ့ဒါဆို အခုကစပြီး ရှာလိုက်တော့နော်။
အချိန်သိပ်မကျန်တော့တာမို့ အကူအညီ
တောင်းပါတယ်။ ကျွန်တော်က ကောင်လေး
နားမှာပဲရှိနေမယ်။ ရှာတွေ့တာနဲ့ ဆက်သွယ်
လိုက်တော့ ။ ကျွန်တော် တန်းလာခဲ့မယ်။"
" နေ...နေပါဦး။ ဘယ်သူက အခုကစပြီး ရှာ
မယ် ပြောလို့လဲ။ ငါ အခုမှ ဒီကိုရောက်လာ
တာလေ။ "
သူပြောနေသည်ကို မကြားချင်ယောင်ဆောင်
ကာ Hoseok က ဟိုကောင်လေးကိုသာ အ
ဖက်လုပ်ပြောသည်။
" ခေါ်သွားလိုက်တော့ Jungkook... ။ သေ
ချာလည်း ဂရုစိုက်လိုက်ဦး။ သတိထား "
"ဟုတ်ကဲ့ပါ ခင်ဗျ ။ ကဲ Yoongi Hyung သွား
ရအောင် "
" ဟင်... ဘယ်လို..."
အူကြောင်ကြောင်ရပ်နေသည့်သူ့ကို စိတ်မ
ရှည်တော့သည့်ဟန် Jungkook က ဒူးမှမ
ပြီး ပခုံးပေါ်တင်လိုက်သည်။
" Yah... ဒါ ဘာလုပ်တာလဲ။ "
Yoongi အမေးကို ဘယ်သူမှ ပြန်မဖြေပဲ " Hoseok Hyung သွားပြီ... " ဟု လက်ပြ
နှုတ်ဆက်ခဲ့ပြီးနောက် ရုတ်တရက် ပေါ့ပါး
သွားသည့် ခံစားချက်နှင့်အတူ နှစ်ယောက်
လုံး ထိုနေရာမှ ပျောက်သွား ကြတော့သည်။
ထို့နောက် ကစားကွင်းလေးတွင် ဘယ်သူမှ
မရှိတော့ပဲ တိတ်ဆိတ်မှုကသာ ကြီးစိုးသွား
ခဲ့တော့လေသည်။
🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐
" ဒါရိုက်တာလီ ဒါက Rin Kim ရဲ့ အိမ်မဟုတ်
ဘူးလား။ ဒီကို ဘာကိစ္စရှိလို့လဲ "
ကော်ဖီဆိုင်တွင် တွေ့ရအောင်ဟု ချိန်းဆိုခဲ့
သော ဒါရိုက်တာလီသည် 'မင်းကို တွေ့ချင်နေ
တဲ့သူ ရှိတယ်။ ဟိုရောက်တာနဲ့ မင်းသိချင်သ
မျှ အကုန် ပြောပြမယ်'ဟူသော စကားဖြင့် သူ့ကို ခေါ်သွားခဲ့သည်မှာ ရင်းနှီးနေသော နေရာကို ရောက်မှ သိချင်သည်ကို မေးရသည်။
" အရင်ဆုံး ဝင်ကြရအောင်ပါ။ ပြီးတာနဲ့ မင်း
သိချင်တာအကုန် သိရမှာပါ။ "
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Fifth String (Z+U)
Start from the beginning
