" အဲ့ဒီ ကလေးသာသာကောင်လေးက ငါ့ကို
ဘယ်နားကနေကူပေးမှာလဲ။ "
" စကားပြောမစောပါနဲ့ဦး။ သူဘယ်သူလဲ
တောင် ခင်ဗျားမသိပဲနဲ့... ။"
" ပြောစမ်းပါဦး။ ဘယ်သူများလဲ "
Yoongi စိတ်ထဲတွင်တော့ ဒီဂယက်ထဲ ဝင်
လာမိသည်ကို နောင်တရချင်လာပြီဖြစ်သည်။
' ငါ့နှယ် ကိုယ့်ဖာသာ ဘာလင်မှာ အိပ်နေ
တာ အကောင်းသားကို၊ ပြန်လာမိလိုက်သေး
တယ်။ ခံပေရော့ Min Yoongi ရေ။ '
"ငါ့နှယ် ကိုယ့်ဖာသာ ဘာလင်မှာ အိပ်နေ
တာ အကောင်းသားကို၊ ပြန်လာမိလိုက်သေး
တယ်။ ခံပေရော့ Min Yoongi ရေ...လို့ တွေး
နေလည်း နောက်ကျသွားပြီ။ အခုကစပြီး
တကယ် ခံရတော့မှာ..."
နောက်ထပ် ကျောချမ်းစရာ တစ်ယောက်
ပေါ်လာသလိုပင်။ သူတွေးသမျှကို အတိအကျပြန်ပြောနေသည့် ထိုကောင်လေး
သည် မချိုမချဉ် မျက်နှာပေးနှင့် နည်းနည်း
လေးမှကို မျက်လုံးထဲ ထောင့်မကျိုး။ ဘယ်လို
ကောင်လေးပါလိမ့်။
"တွေ့ရတာဝမ်းသာပါတယ် Yoongi Hyung။
ဒီတစ်ခေါက် စစ်ဆင်ရေးမှာ Hyung ရဲ့ ပါတ
နာ Jeon Jungkook ပါ။ "
ပြောနေရင်းနှင့်ပင် သူ့နားကို တဖြည်းဖြည်း
ကပ်လာပြီး သူမသိလိုက်ခင်တွင် နှင်းဆီတစ်
ပွင့်နှင့်အတူ သူ့ရှေ့ကို ရောက်နေပြီးဖြစ်သည်
" မင်း ဘယ်လို..."
" ဘယ်လို နှင်းဆီပန်းကို ရလာတာလဲ လား။
ဒီလိုလေ..." ဟု နောက်လက်တစ်ဖက်အဝှေ့
တွင် နှင်းဆီပန်းစည်းလိုက် ပေါ်လာပြန်သည်
Yoongi ခေါင်းထဲ ချားရဟတ်လို ချာချာမလည်
သွားခင် ကံကောင်းထောက်မစွာ Hoseok က
ဝင်ကယ်သည်။
" JungKook တော်တော့။ မင်းလုပ်တာနဲ့
ဟိုက လန့်သွားတော့မယ်။ Yoongi shi သူ
က ဒီတစ်ခေါက် ခင်ဗျားကို အစစအရာရာကူ
ပေးလိမ့်မယ်။ သူနဲ့ အတူ ကျွန်တော့်ခန္ဓာ
ကိုယ် ရှိမယ့်နေရာကို ရှာပေးပါ။ ကျန်တာသူ
ဆက်လုပ်လိမ့်မယ်။ "
" အာ...ပြီးတော့ သူက စိတ်စွမ်းအားရှိတာမို့
စိတ်ဖတ်လို့လည်းရသလို ၊ ခုဏလို မျက်
လှည့်လေးတွေလည်း ပြတတ်တယ်။ သူ့တ
ကယ့် အစွမ်းကတော့ ...ဟင်း...နောက်ကျ
သိလာမှာပါ။ "
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Fifth String (Z+U)
Start from the beginning
