" အဲ့ဒီတော့ သူ့နောက်က လူကိုကော သိရ
ပြီလား။ မင်းနဲ့ လဲမယ့်သူကကော ဘယ်သူ
တဲ့လဲ။ "
" ကျွန်တော့် မိထွေးနဲ့ သူ့သား "
".........."
" အဲ့ဒါ ဘာဖြစ်သွားတာလဲ "
မအီမသာ ဖြစ်သွားသည့် သူ့မျက်နှာ ပုံစံကို
သတိထားမိ၍ အရေးတယူမေးလာရှာသည်။
" ဘာမှ မဟုတ်ပါဘူးကွာ။ မိသားစု ဒရမ်မာ
တွေကို စိတ်ကုန်လွန်းလို့ပါ။ မှန်းကြည့်ရ
အောင်။ ထူးချွန်ပြောင်မြောက်လွန်းတဲ့ မင်း
နဲ့ အသုံးမကျတဲ့ အသိအမှတ်အပြုမခံရတဲ့
သူ့သားရဲ့ ကံကြမ္မာကို လဲမယ်ပေါ့။ ကိုယ်
တိုင်တော့ ကြိုးစားကြမယ်မရှိပဲနဲ့။ အဲ့လိုလူ
တွေလည်း ရှိသေးတာပဲ။ ဟူး...အဲ့တော့ ငါက
မင်းရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုရှာပေးရမှာလဲ"
" Yoongi-shi ယင့်ယန် မျက်လုံးရှိတဲ့ သူတိုင်းက ဆဌမအာရုံအားကောင်းကြ
တယ်။ သူတို့ အစီအရင်လုပ်မယ့်နေရာက
ယင်စွမ်းအားများတဲ့ နေရာတွေမှာ ဖြစ်လိမ့်
မယ်။ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကို ကျွန်
တော် စုံစမ်းထားပြီးပြီ။ အဲ့ဒီနေရာတွေထဲက
တစ်နေရာမှာ သူတို့ရှိမှာပဲ။ ပြီးတော့ ကျွန်
တော့်မှာ ကံကြမ္မာနှောင်ကြိုးရှိတယ်။ ကျွန်
တော့် ခန္ဓာကိုယ်မှာလည်း နှောင်ကြိုးရဲ့ အရိပ်
အယောင်တွေရှိနေမှာပဲ။ အဲ့ဒါကို အာရုံခံ
ကြည့်ပေးပါ။ ယင်စွမ်းအားများပြီး ကံကြမ္မာ
နှောင်ကြိုးရဲ့ အရိပ်အယောင်ရှိနေတဲ့ နေရာ
က ကျွန်တော့် ခန္ဓာကိုယ်ရှိနေတဲ့ နေရာပဲ။"
" နေပါဦး... ငါက နေရာတိုင်းကို တစ်ယောက်တည်း လိုက်ရှာနေရလောက်အောင်စိတ်ရှည်လိမ့်မယ်လို့ ဘယ်သူပြော
လဲ။"
"စိတ်ချပါ။ ခင်ဗျားတစ်ယောက်တည်း မလုပ်
ရပါဘူး။ ခင်ဗျားကို ကူမယ့်သူက အခုပဲ
ရောက်လာပြီမို့... "
" ဘယ်...သူက? "
သူ့အမေးကို ပြန်မဖြေပဲ အနောက်က တစ်
နေရာကိုသာ မေးငေါ့ပြ၍ လှည့်ကြည့်မိ
တော့ ဘယ်အချိန်ကတည်းက ရောက်နေမှန်း
မသိရသည့် လူငယ်တစ်ယောက်။ အရပ်
ရှည်ရှည် ဒေါင်ကောင်းကောင်းကို ဘောင်း
ဘီအိတ်ကပ်ထဲ လက်ထည့်ပြီး ရပ်နေသည့်
ပုံက လူမိုက်လိုလို ဘာလိုလို။ မျက်နှာကသာ
သနားကမားနဲ့ ကလေးကလားရုပ်လေး။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Fifth String (Z+U)
Start from the beginning
