Fifth String (Z+U)

Start from the beginning
                                        

" မဟုတ်မှလွဲရော  မင်းရဲ့ ကံကြမ္မာကို... "

Hoseok ၏ မျက်နှာက သိသိသာသာပင်
တင်းမာသွားသည်။

" ကျွန်တော့်ကို သေပြီလို့ သတင်းလွှင့်ပြီး
ကျွန်တော့် ခန္ဓာကိုယ်ကို အစီအရင်လုပ်ဖို့
ဖွက်ထားကြတယ်။ ကျွန်တော်တွက်ထားတာ
မလွဲရင် သဘက်ခါ လပြည့်ညမှာ အစီအရင်
စကြမှာ။ အဲ့ဒီမတိုင်ခင် ကျွန်တော့် ခန္ဓာ
ကိုယ်ကို ရအောင်ရှာရလိမ့်မယ်။ "

" ဒါပေမယ့် မင်းက Accident ဖြစ်ထားတာ
မဟုတ်ဘူးလား။ မင်း ခန္ဓာကိုယ်ကို တွေ့ပြီး
ပြန်ဝင်နိုင်တယ်ပဲ ထားဦး...မင်း သတိပြန်
လည်နိုင်မှာလားတဲ့။ "

" Accident ဖြစ်သွားတာ ကျွန်တော်မဟုတ်
ဘူး။ အဲ့ဒါ လုပ်ဇာတ်ကြီး။ ကျွန်တော့်ကို ဆေး
ခတ်ပြီး သတိမေ့အောင်လုပ်ထားတာ။ ပြီး
တော့ ကျွန်တော့်ဝိညာဉ်ကို ခန္ဓာကိုယ်နဲ့ ခွဲ
ထားပြီး ထိန်းချုပ်ဖို့ စီစဉ်ထားကြတာ။ သူတို့
မထင်ထားတာက ကျွန်တော့် ဝိညာဉ်စွမ်း
အားက သာမန်လူတွေလို မဟုတ်ဘူးဆိုတာ
ပဲ။ ကျွန်တော်လွတ်သွားတာလည်း သိရော
သူတို့ နေရာကို အစဖျောက်သွားတာပဲ။"

" မင်း ဝိညာဉ်ကို ဆွဲထုတ်ထားတယ် ဟုတ်
လား။ကံကြမ္မာလဲမယ်ဆိုရင် မင်းရဲ့ ဝိညာဉ်
ကိုလည်း သူတို့လိုမှာပဲ။ အဲ့ဒါကြောင့် မင်းရဲ့
ခန္ဓာကိုယ်ကနေခွဲထုတ်ပြီး ထိန်းချုပ်ဖို့ လုပ်
တာ။ ဒါဆိုရင် အဲ့ဒီဖက်မှာ တော်တော်ကျွမ်း
တဲ့ သူပဲဖြစ်လိမ့်မယ်။ ပြီးတော့ အစီအရင်
လည်း လုပ်ဦးမှာဆိုတော့ တော်ရုံလူ​တော့မ
ဟုတ်လောက်ဘူး။ ဘယ်သူလဲ ဆိုတာသိခဲ့
လား။ "

" တရုတ်က နတ်ဆရာ ယွီ ဆိုတဲ့ တစ်ယောက်ပဲ... ။ အဲ့နယ်ဖက်မှာတော့
တော်တော်နာမည်ကြီးတယ်လို့ ကြားတယ်။
အထက်လမ်းကျင့်ကြံတဲ့သူလို ဟန်ဆောင်
ပြီး အောက်လမ်းကျင့်တဲ့သူ။ တားမြစ်ထား
တဲ့ အစီအရင်တွေလည်း ပိုက်ဆံရရင် ဘာမ
ဆို လုပ်တယ်။ အရှောင်အပုန်းလည်း အရမ်း
ကောင်းတယ်။ ပြီးတော့ သူ့ အတားအစီး
တွေနဲ့ ဆိုရင် ရှောင်ရတိမ်းရတာလည်း မ
လွယ်ဘူး။ "

တော်တော်ဆိုးဝါးတဲ့ အဖြစ်အပျက်တွေကို
ပြန်မြင်ယောင်နေသလို Hoseok ၏ မျက်နှာ
က မည်းမှောင်လျက်ရှိသည်။ အဲ့လိုလူဆီက
ထွက်ပြေးလာရတာ သူ့အနေနဲ့လည်း သိပ်
လွယ်ကူခဲ့လိမ့်မည် မဟုတ်၍ Yoongi လည်း
ကရုဏာသက်သွားရသည်။

Strings of Fate Where stories live. Discover now