Fifth String (Z+U)

Start from the beginning
                                        

" Min Yoongi-shi, Kim Taehyung က ခင်
ဗျားထင်ထားတာထက်ကို ပိုပြီး ကျွန်တော့်
ဘဝအတွက် အရေးပါတယ်။ နောက်တစ်ခါ
ကျ ရင် စကားအသုံးနှုန်းကို သတိထားစေ
ချင်တယ်။ကျွန်တော်ဒီလိုပုံဖြစ်နေတာတောင်
Taehyung ကို လက်မလွှတ်ခဲ့တာခင်ဗျားကို
လိုအပ်လို့ မဟုတ်တာတော့ ကိုးဆယ့်ကိုး ရာခိုင်နှုန်း သေချာပါတယ်။"

" ကျန်တဲ့ One Percent ကကော... "

သူ့မေးခွန်းဆုံးတော့ Hoseok က သဘောကျ
သွားသလို ရယ်သည်။

" ဟား... ကျန်တဲ့ One Percent က လမ်းသင့်
သွားလို့ ခင်ဗျားကို ဆွဲသွင်းလိုက်တာပါ။ မဟုတ်လည်း အနှေးနဲ့အမြန် တွေ့ရမှာကို
စောစောစီးစီး တွေ့ရတယ်လို့ မှတ်လိုက်ပေါ့။
အခု သိချင်တာတွေ အကုန် သိပြီးပြီလို့ ထင်
တယ်။ ကဲ... အခု ကျွန်တော်တို့ တကယ့်
အတည်ပေါက် ကိစ္စလေးတွေ ပြောကြရ
အောင်။ "

ခုဏက မျက်နှာနဲ့ ခြားနားစွာ တည်တည်ငြိမ် ငြိမ် ပြောလာသော Jung Hoseok ကို ကြည့် ရင်းတော်တော်လည်း မျက်နှာအပြောင်း အလဲ မြန်တဲ့သူ ဟု Yoongi မှတ်ချက်ချမိသည်။ အဲ့ဒါကြောင့်လည်း စီးပွားရေးလောကမှာ Smiling Tiger လို့ နာမည်ကြီးတာကိုး။ သို့သော် Hoesok ဆက်ပြောလိုက်သည့် စကားက Yoongi ၏ အတွေးအားလုံးကို ရပ်တန့်သွားစေခဲ့သည်။

" Yoongi-shi ... ကံကြမ္မာ လဲတယ်ဆိုတာကို
ကြားဖူးတယ်မလား။ "

Yoongi ၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွား
ရသည်။

ကံကြမ္မာလဲခြင်း..။ အရှင်းဆုံး ပြောရလျှင် လူ
တစ်ယောက်၏ ကံကို အခြားတစ်ယောက်၏
ကံနှင့် လဲလှယ်လိုက်ခြင်း။ဥပမာ- တစ်ဘဝ
လုံး ဆင်းရဲ ဇာတာပါလာသည့် သူနှင့် သန်း
ကြွယ် သူဌေးဖြစ်မည့်သူရဲ့ ကံကြမ္မာကို လဲလိုက်လျှင် ထိုသူ နှစ်ယောက်၏ ဘဝသည်
အပြောင်းလဲကြီးပြောင်းလဲ သွားပေလိမ့်မည်။ ကံကြမ္မာနှင့် ကစားခြင်းသည် လောကတွင် အန္တရာယ်အများဆုံးဟု ဘုန်းကြီးတစ်ပါးက ပြောဖူးသည်။ထို့ကြောင့်လည်း ကံကြမ္မာလဲ ခြင်းသည် လောက၏ နိယာမကိုဖောက်ဖျ က် နေသည့် အောက်လမ်းနည်းဖြစ်သောကြောင့် တားမြစ်ထားသည့် အစီအရင်လည်း ဖြစ်
သည်။ ဒါကို Jung Hoseok က ပြောလာ သည်ဆိုတော့...

Strings of Fate Where stories live. Discover now