ဝိညာဉ်တစ်ခုအဖြစ်ဖြင့် သူ့ဆီကို ရောက်
လာသော Hoseok ကို ကြည့်ပြီး သူ့ကို ဒီလို
ဖြစ်အောင်လုပ်ခဲ့သော လူတွေသည် Jungkook တစ်သက်တွင် သေသည်ထက်
ဆိုးအောင် ခံစားရအောင် လုပ်ရမည့်သူများ
စာရင်းတွင် ထိပ်ဆုံးချိတ်သွားခဲ့သည်။
🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐
လက်ရှိအချိန်
ဆောင်းဦး၏လေ၏ အေးစိမ့်မှုက ဆိတ်ငြိမ်
ရပ်ကွက်ကလေးထဲတွင် သိသိသာသာပင် သူ
၏ တည်ရှိမှုကို အသိပေးနေသည်။ သို့သော်
ထို အေးစက်မှုက သူ့ရှေ့တွင်ရှိနေသော
ထိုသူ့ကို မမှီဟု Min Yoongi ခံစားလိုက်ရ
သည်။
' အရာအားလုံးက သူ့တွက်ချက်မှု အတိုင်း'
ဟူသော သုံးသပ်မှုအနောက် ဒီလူ့ လက်ထဲ
သေချာပေါက် ရောက်လိမ့်မည်ဖြစ်သော ညီ
ဖြစ်သူ အကြောင်းကို တွေးမိရင်း စိုးရိမ်မှုနှင့်
အတူ ဒေါသခပ်ပါးပါးက ကပ်လိုက်သည်။
ထိုသူက ဘယ်အထိ တွေးတောစီစဉ်ထား
သည်ကို မသိရသော်လည်း သူ တားနိုင်လိမ့်
မည်မဟုတ်တာ သေချာသလောက်ပင်။
လောကတွင် ကြောက်စရာအကောင်းဆုံးက
မှန်းဆမရခြင်းပင်ဖြစ်သည်။ သူနှင့် စကား
ပြောနေစဉ် တစ်လျှောက်လုံး Jung Hosek
သည် သူ့အတွေးတွေကို နည်းနည်းလေး
တောင်မှ မပေါ်လွင်စေခဲ့။ Yoongi ကိုသာ
သူ လိုချင်သည့်နေရာ ရောက်အောင် ဖြည်း
ဖြည်းချင်း တွန်းပို့သွားခဲ့သည်။
" မင်းက တော်တော်ကြောက်စရာကောင်း
တာပဲ။ စီးပွားရေးသမား ပီသပါပေရဲ့။ ငါ မင်း
ရှေ့ကို ရောက်လာကတည်းက မင်းအကွက်
ထဲ ငါဝင်ပြီးသား ဖြစ်သွားပြီမဟုတ်ဘူးလား"
" ကျွန်တော်လည်း တော်တော်ကို အခက်
တွေ့နေတာမှ မဟုတ်ရင် နိုင်ငံရပ်ခြားက လူ
ကို တကူးတကကြီးပြန်မလာစေချင်ပါဘူး။
ရောက်လာမှတော့ ကျွန်တော့်ကို ကူညီလိမ့်
မယ်လို့ မျှော်လင့်ပါရဲ့။"
" ငါ တစ်ခုပဲ မေးမယ်။ ငါ့ အကူအညီလိုတာ
မို့ Taehyung နားကို တမင်သွားခဲ့တာလား "
သူ့ မေးခွန်းအဆုံးတွင် Jung Hoseok ဘေး
ပတ်လည်က လေထုသည် ပို၍ပင် အေးစက်
သွားသလို Yoongi ခံစားလိုက်ရသည်။ သူ့ကို
စိုက်ကြည့်နေသော ထိုမျက်ဝန်းအစုံထဲတွင်
လည်း ရေခဲတမျှ အေးခဲနေသည့် အကြည့်
တို့က သူ့ကို အသက်ရှူ ကြပ်စေသလိုပင်။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Fifth String (Z+U)
Start from the beginning
