ပိုပိုသာသာပင် ကလေးဆန်ဆန် တမင်ပြော
ဆိုမိတော့ Hoseokက သဘောကျစွာပင် ရယ်
သည်။ သို့သော် မျက်လုံးအစုံကတော့ ထို
ပုံရိပ်လေးဆီက မခွာသေးပေ။ ထိုမျှအရိပ်တ
ကြည့်ကြည့်ဖြင့် ချစ်ပြနိုင်လွန်းသူကို သိချင်
စိတ်ဖြင့် မေးမိသည်။
" အဲ့လောက်တောင် ချစ်တာပဲလား... "
သူ့မေးခွန်းဆုံးတော့ Jungkook ဖက်ကို တစ်
ချက်လှည့်ကြည့်လာသည်။ ထို့နောက် မူလ
နေရာကိုပင်မျက်လုံးက ပြန်ရောက်သွားကာ
တမ်းတမှု၊မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ ချစ်ခြင်း
တရားတို့ ရောပြွန်းနေသည့် ထိုသူတစ်
ယောက်တည်းအတွက်သာ ပြသတတ်သည့်
အကြည့်တို့အထင်အရှားဖြင့် ပြန်ဖြေသည်။
" အဲ့ဒီထက်ကို ချစ်တယ်..."
ထိုသူနှစ်ယောက်ကြားထဲက နှောင်ကြိုးများ
ကို မြင်နေရသည့် Jungkook အဖို့ ဒီလူသား
နှစ်ယောက်ကို အကောင်းဆုံးကာကွယ်သွား
ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့သော် သူ
သတိမထားမိလိုက်ခင်တွင် ကံကြမ္မာ၏ ကျီစားမှုက အလုံးလိုက် အရင်းလိုက်ဝင်လာ ခဲ့တော့သည်။
ထိုနေ့ညက မိုးခြိမ်းသံနှင့်အတူ အိပ်မက်
ဆိုးကြောင့် သူလန့်နိုးလာခဲ့သည်။ စိတ်ထဲ
တွင် လေးပင်လာသည့်ခံစားမှုက မကောင်း
တာတစ်ခုခုဖြစ်နေသည်ကို ညွှန်းနေသည်။
ထိုအချိန်တွင် Hoseok ကို ပေးထားခဲ့သည့်
အဆောင်ကို သုံးလိုက်ပြီဖြစ်ကြောင်း ခံစား
မိလိုက်ရသည်။
Hoseok တစ်ခုခုဖြစ်နေသည်မှာ သေချာ
သည့် နောက် တွေ့ရာအနွေးထည်ကို ကောက်
ဆွဲကာ Hoseok ကိုလည်း ဖုန်းခေါ်နေမိ
သည်။ မကိုင်တော့သည့်နောက်ဆုံး သူရှိ
နေလောက်မည့်နေရာကိုသိရရန် စိတ်ထဲက
မှန်းဆမိသည်။
Hoseok က အခန်းတစ်ခန်းထဲတွင်ရှိနေ
သည်။သို့သော် သူတစ်ယောက်တည်းတော့ မဟုတ်။ အတော်ကို မနှစ်မြို့ဖွယ်ရာကောင်း
သည့် အရောင်အဝါကိုပိုင်ဆိုင်ထားသော လူ
တစ်ယောက်နှင့် နောက်ထပ် မိန်းမတစ်
ယောက်။ ဒီ့ထက်လည်း ပိုမမြင်ရတော့၍
ထိုနေရာသို့ အမြန်ရောက်ရန်သာ ဆိုင်းပြင်
မိသည်။
သို့သော် သူ ထိုနေရာကို မရောက်လိုက်ခင်
တွင် သူ့ဆီကို အရင်ရောက်လာသူက Hoseok ဖြစ်နေခဲ့သည်။
ESTÁS LEYENDO
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Fifth String (Z+U)
Comenzar desde el principio
