မျက်နှာက အပြုံးလေး၊ မျက်ဝန်းထဲက ကြင်
နာမှုများဖြင့် ပါးစပ်ကထွက်လာသမျှက အေးစက်မှုတွေ အပြည့်။

" ကျွန်တော် ခံစားချက်သိပ်မကောင်းဘူး
Hoseok Hyung။ မကြာခင် တစ်ခုခုဖြစ်တော့
မယ်ထင်တယ်။ "

Jungkook သည် သာမန်သူတွေထက် ထူး
ခြားသည့် ဘဝကို ပိုင်ဆိုင်ထားသူဖြစ်သည့်
အလျောက် သူ၏ မသိစိတ်က သာမန်သူ
တွေထက် ပို ထက်မြက်လေသည်။

" မင်းတောင် ပြောလာတယ်ဆိုတော့ ဒီကိစ္စ
က ပေါ့သေးသေးမဟုတ်တာတော့ သေချာ
တယ်။ "

Jungkook မျက်နှာထက်တွင် စိုးရိမ်စိတ်တို့
ပြည့်သွားကာ အိတ်ကပ်ထဲမှ Tarot ကတ်
များကို ထုတ်ကာဖြန့်ချလိုက်ပြီး တစ်ကတ်ကို
ဆွဲလိုက်သည်။ ပါလာသည့် ကတ်က Tower ကတ်။

" သတိထားနေ Hoseok Hyung။ နောက်တစ်ပတ်ထဲမှာ ကြီးကြီးမားမား အနှောင့်အယှက် ကြီးတစ်ခု ကြုံရလိမ့်မယ်။
အသက် အန္တရာယ်ပါ ရှိတယ်။ "

သူကသာ စိုးရိမ်ကြီးပေမယ့် Hoseok က
တော့ တည်တည်ငြိမ်ငြိမ်သာပင်။

" Jungkook တစ်ခါတလေမှာ ရှောင်လွှဲလို့
မရတာတွေရှိတယ်။ အဲ့ဒါကို မင်းအသိဆုံး
ပါ။ ကိုယ့်ဆီလာနေတဲ့ ပြဿ      နာကို အကောင်းဆုံး ဖြေရှင်းဖို့က အရေးကြီးဆုံးပဲ။"

Hoseok သည် အရာရာကို တည်ငြိမ်အေး
ဆေးစွာဖြင့် အပြတ်သားဆုံး  ဖြေရှင်းတတ် သည်ကို သူ အသိဆုံးဖြစ်ပေမယ့် တကယ်
တမ်း သူ့ဘေးတွင် အစစအရာရာ ကူပေးရ
မည်က Jungkook ပင်။

" အဲ့ဒါနဲ့ပဲ တကယ် သေသွားရင်ကော။ သူ့ကို
ထားခဲ့နိုင်လို့လား။ ကျွန်တော် ပြောရင် ဘယ်
တော့မှ မလွဲတာသိသားနဲ့ဗျာ "

"ငါ သေသွားရင်တောင်မှ သူ့ဘေးနားမှာ ရှိ
နေဦးမှာပဲ။ မင်းသိသားနဲ့ ငါ့ရဲ့ လက်တွဲ
ဖော်က သူတစ်ယောက်တည်းပဲကို။ ပြီးတော့
ငါ သေချာပေါက်သတိထားနေမှာပါ။ အဲ့
လောက်တောင် စိတ်မချနေရင်လည်း အဆောင် လက်ဖွဲ့လေးဘာလေး ပြင်ပြီး ပေး
ပေါ့။ "

" သိပါတယ် ။ သိပါတယ်... ဘဝအဆက်
ဆက်ကရေစက်တွေနဲ့ သေချာပေါက် ပေါင်း
ဖက်ရမယ့် Soulmate တွေဆိုတာ သိပါတယ်
ဘယ်လိုကြည့်ကြည့် နတ်ဖက်တဲ့ စုံတွဲဆိုတာ
သိသာပါတယ်...ဟင်း...အရင်ပေးထားတဲ့
အဆောင်တွေကြောင့်လည်း အခုထိ အသက်
ရှင်နေတာမဟုတ်ဘူးလား။ နောက်ဆုံးတော့
အကုန်လုံး Jeon Jungkook အပေါ်ပုံကျ
တာပါပဲ။  "

Strings of Fate Donde viven las historias. Descúbrelo ahora