Part - 8

768 112 2
                                    

(Zawgyi)

Hoseok အံ့ဩစွာမေးတော့ အတွင်းရေးမှူးဟန်က တချက်စဉ်းစားပြီးမှ ပြန်ဖြေလာတယ်။

"ဖြစ်နိုင်တာက သူဌေး Min အမေရိကားမှာနေကတည်းက သူဌေးဆီပို့ဖို့လုပ်တာ.. အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားတာ ထင်ပါတယ်"

Hoseok လည်းဆက်မမေးတော့ဘဲ ပါဆယ်ထုတ်ကိုယူကာ အိမ်ထဲသို့ဝင်လာလိုက်သည်။ အိမ်ထဲရောက်မှ ဖွင့်ကြည့်လိုက်တော့ ဖိုင်တစ်ခုနဲ့ CD တစ်ချပ်။ ဖိုင်ထဲတွင်စာချုပ်စာတမ်းတချို့နဲ့ ကျွန်းတစ်ကျွန်းရဲ့လှပသောဓာတ်ပုံအချို့။ Hoseok လည်း ဖိုင်ကိုခဏချပြီး CD ကိုစက်ထဲထည့်ကာ ဖွင့်ကြည့်လိုက်တော့ သာယာလှပသောကျွန်းတစ်ကျွန်းကို သေသေချာချာရိုက်ပြထားပြီး ထို့နောက်မှ Yoongi ရဲ့ပုံရိပ်ပေါ်လာသည်။

"Happy 6th Years Anniversary ပါ Yeobo...!!! ကျွန်းလေးက မလှဘူးလားဟင်... ငါမင်းအတွက် မင်္ဂလာသက်တမ်း ၆နှစ်ပြည့်အမှတ်တရအနေနဲ့ ဝယ်ပေးထားတာလေ... မင်းကကျွန်းပေါ်မှာ ဟိုတယ်ဖွင့်ရတာ သဘောကျတယ်မလား"

"အခုမှငါ့အကြိုက်သိတာ ဘာလုပ်ရမှာလဲ Yoongi ရယ်... အမြဲတမ်းမင်းစိတ်ကြိုက်ပဲ ငါနေလာရတာလေ"

Yoongi ရဲ့ Video ကိုကြည့်ပြီး Hoseok စကားတွေ ပြန်ပြောမိနေသည်။ အပြင်မှာသာဆို ဒီလို ပြန်ပြောရဲပါ့မလား။

"ဒါနဲ့လေ ငါအမေရိကားမှာ သိခဲ့တဲ့သူဌေးမတစ်ယောက် သေသွားတယ်... သူ့ယောင်္ကျားက သူ့အမွေတွေကိုလိုချင်လို့ သတ်လိုက်တာလေ.. မင်းကတော့ငါ့ကို အဲလိုမလုပ်ဘူးမလား... ဘာပဲဖြစ်ဖြစ်ပါလေ ငါအခု သေတမ်းစာရေးထားတယ်... ငါသေလို့တစ်နှစ်ပြည့်တာနဲ့ ရှိသမျှပိုင်ဆိုင်မှုတွေအကုန်လုံးကို လူမှုအဖွဲ့အစည်းကို လှူပစ်မလို့လေ... ဒါမှတခြားလူတွေကလည်း မင်းကိုငွေမက်တယ်လို့ မထင်ကြမှာ"

"ဟမ် ဘာပြောတယ် ငါကဘာတစ်ခုမှမရဘူးပေါ့"

Hoseok တုန်လှုပ်သွားရသည်။ လက်မထပ်ခင်ကတော့ Hoseok ဆီမှာ စီးပွားရေးလုပ်ငန်း ခပ်သေးသေးတစ်ခုပိုင်သော်လည်း Yoongi နဲ့လက်ထပ်ပြီးတော့ ထိုစီးပွားရေးကို ပိုအောင်မြင်အောင် Yoongi နာမည်နဲ့လွှဲယူပြီး တိုးချဲ့လုပ်ကိုင်ခဲ့တာ။ ပြောရရင်တော့ Hoseok နာမည်နဲ့အလုပ်ဆိုတာ တစ်ခုမှမရှိ။ ဒီဟိုတယ်တောင် Yoongi နာမည်နဲ့ပဲကို။

Couple or Trouble (Completed) Where stories live. Discover now