Part - 1

3.1K 205 4
                                    

(Zawgyi)

♢ Namhae Island ♢
တောင်ကိုရီးယားနိုင်ငံရဲ့ ငါးခုမြောက်အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်ပြီး Treasure Island လို့လည်း ခေါ်ဝေါ်သတ်မှတ်ကြသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသွားများ အများအပြားလာရောက် လည်ပတ်ကြပြီး ကျွန်းရဲ့အလှအပကို လာရောက်ခံစားကြသည်။

♢ Hilton Namhae Hotel ♢
5 Stars အဆင့်ရှိ Hotel ကြီးတစ်ခုဖြစ်ပြီး Golf Club နဲ့ Spa ပါပူးတွဲပါရှိသည်။ ကျယ်ဝန်းသော ဟိုတယ်ခန်းများ လှပသောအပြင်အဆင် သင့်တင့်မျှတသောဈေးနှုန်းကြောင့် Hilton Namhae Hotel ကို Tourism တော်တော်များများ လာရောက်တည်းခိုကြသည်။

ထို Hotel ကြီးရဲ့ပိုင်ရှင်ကတော့ Jung Hoseok..။
အသက် ၃၀စွန်းစွန်းသာ ရှိနေသေးသည့်အပြင် ချောမောခန့်ညားသောရုပ်ရည်ကြောင့် တော်တော်ကိုလူသိများထင်ရှားလှသည်။ Hotel ကိုစဖွင့်တာ ၂နှစ်ခန့်သာရှိသေးသော်လည်း တရှိန်တိုးအောင်မြင်လာတာ သူ့ရဲ့စီမံခန့်ခွဲမှုအပြင် သူ့ရဲ့ချောမောသော ရုပ်ရည်ကြောင့်လည်း ဖြစ်လေသည်။

"သူဌေး ခဏနေရင် Meeting ရှိတယ်နော်"

Golf ရိုက်နေသော သူဌေး Jung Hoseok အနားသို့ အတွင်းရေးမှူးဟန် ရောက်လာပြီး အကြောင်းကြားလိုက်သည်။

"အင်း သွားကြတာပေါ့"

စကားလည်းအဆုံး နောက်ဆုံးအပြီးသတ်ရိုက်ချက်ကို ရိုက်လိုက်ပြီး အောင်မြင်စွာကျင်းဝင်သွားသောအခါ Hoseok ကျေနပ်စွာပြုံးလိုက်သည်။ အတွင်းရေးမှူးဟန်က ရှေ့ကနေတက်ကြွစွာ သွားနေသော Hoseok နောက်သို့ မနည်းမှီအောင်လိုက်နေရသည်။

"ဒီတစ်ခါအစည်းအဝေးပြီးရင်လည်း တခြားလုပ်ငန်းရှင်သူဌေးတွေက သူဌေးကိုအိမ်ထောင်မပြုသေးဘူးလား မေးကြဦးမှာပဲ"

ထိုအခါ Hoseok ကဟက်ခနဲရယ်လိုက်ရင်း...

"ဟုတ်တယ်နော် သူတို့ကတော့ ကျွန်တော့်အိမ်ထောင်ရေးအကြောင်းပဲ စိတ်ဝင်စားနေကြတာပဲ"

"ဟုတ်လည်းဟုတ်တာပဲလေ.. သူဌေးကငယ်ငယ်ချောချောလေး.. သူဌေးကိုလက်ထပ်ချင်တဲ့မိန်းကလေးတွေ.. သားမက်တော်ချင်တဲ့ လုပ်ငန်းရှင်တွေ အများကြီးပဲလေ"

Couple or Trouble (Completed) Where stories live. Discover now