ထိုအချိန်တုန်းက သူ အရမ်းခြောက်ခြားသွားခဲ့တာဖြစ်၏။

"အမေဆီမှာ မင်းကို ပြောစရာစကားရှိတယ်။"
ဆိုပြီး သူမကသူ့အားထိုစကားများပြောခဲ့၏။
ထို့နောက် သူတို့မိသားစုကြား လအနည်းငယ်
ကြာဖြစ်ပွားခဲ့သည့်သွေးအေးစစ်ပွဲကရပ်တန့်
သွားခဲ့သည်။

ယခုအချိန်ထိတိုင်အောင် ထိုအဖြစ်အပျက် အားလုံးကို အိပ်မက် တစ်ခုလိုမျိုး ကျန်ချန်ခံစားနေရဆဲပင်။

ဒါပေမယ့်, သူ စိတ်သောကရောက်ပြီးမနေချင်။

........

လီပေါင်ကော်က သူ့ကိုလှည့်ကြည့်ပြီး စကား
ပြောလာ၏။
"အေးတယ်မဟုတ်လား?။ ဘယ်လိုလဲ , မင်း
အရင်နေခဲ့တဲ့မြို့ထက် ဒီမြို့က ပိုအေးတယ်
မလား? ။"

"အင်း။"
ကျန်ချန် face maskအောက်မှအသံပြုလိုက်၏။

"အိမ်ထဲရောက်ရင် နွေးသွားလိမ့်မယ်။"
လီပေါင်ကော်က အသံအော်ကျယ်အော်ကျယ်ပြောလာသည်။ကံမကောင်းစွာပင်,သူ အသံကျယ်ကျယ်အော်ပြီးပြောချိန်တိုင်း,သူ့တံတွေးတွေက သူ့မျက်နှာပေါ်သွားစင်၏။
"အဖေ မင်းအတွက်အခန်းတစ်ခန်းသန့်ရှင်း
ရေးလုပ်ပေးထားတယ်။ "

ကျန်ချန် face mask ကို ဆွဲတင်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ။"

"သားနဲ့အဖေကြားမှာ ကျေးဇူးတင်ဖို့လို,လို့လား။"
လီပေါင်ကော်ကချောင်းတစ်ချက်ဟန့်၍ပြုံးပြလာပြီး၊ ကျန်ချန်ရဲ့နောက်ကျောကို ရိုက်လားပုတ်လား လုပ်လာ၏။
"အဖေနဲ့ သားကြားမှာ ကျေးဇူးတင်စကား ပြောစရာမလိုဘူး။ "

ကျန်ချန်သည် ဘာမှမတုံ့ပြန်နိုင်ခင်၊လီပေါင်ကော်
၏ လက်ဝါးနှစ်ချက်က သူ့ကျောကုန်းပေါ်သို့အရှိန်
နှင့်ကျရောက်လာသည်။သူ့အဆုတ်သည် လေအေးများ ရှုရှိုက်ခဲ့ရသည့်အတွက်ကြောင့်ချောင်းဆိုးချင်နေခဲ့တာဖြစ်သည်။

လီပေါင်ကော်၏ရိုက်ချက်ကြောင့် ကျန်ချန် မြေကြီးပေါ်သို့လဲသွားပြီး မျက်ရည်များစီးကျလာသည်အထိ ချောင်းတဟွတ်ဟွတ်ဆိုးတော့၏။

"မင်းခန္ဓာကိုယ်ကသိပ်လည်းမသန်ပါ့လား။ "
လီပေါင်ကော်က သူ့ကိုငုံ့ကြည့်လာသည်။
"ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်သင့်တယ်။
ငါ မင်းအရွယ်တုန်းကဆို၊ တောဝက်ဝံတစ်ကောင်
လိုမျိုးသန်မာခဲ့တာ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now