အဟွတ်* အဟွတ်*

ပျို့တက်လာတဲ့ခံစားချက်နဲ့အတူ အပေါ်ကိုဆန်တက်လာတဲ့သွေးတွေက ပါးစပ်ကနေထွက်လာတာကအဆက်မပြတ်... ရင်ဘတ်ထဲကအောင့်သက်လှတဲ့နာကျင်မှုကိုခံစားလိုက်ရတာကြောင့် ကိုယ့်ရင်ဘတ်ကိုဖိကာ ‌ရောက်ရာနေရာမှာငုတ်တုတ်ထိုင်ချလိုက်သည်...
အဆက်မပြတ်ဖြစ်တည်လာတဲ့နာကျင်မှုနဲ့ ပါးစပ်ကနေပွင့်အံလာတဲ့သွေးတို့က လက်ကိုင်ပုဝါအနက်ရောင်လေးပေါ်မှာစိုရွှဲနေခဲ့ပြီ...

အချိန်တွေကမည်မျှကြာသွားသည်မသိ...
လက်ကိုင်ပုဝါကိုလွှတ်ပစ်ပြီး သည်းငယ်ပြန်နေကျလမ်းအတိုင်း အပြေးလိုက်လာတော့ တစ်နေရာအရောက်မှာ လမ်းမီးတိုင်မှိန်မှိန်အောက်က လဲကျနေတဲ့ခန္ဓာကိုယ်လေးကိုတွေ့လိုက်ရသည်...

အနားကိုရောက်သွားတော့ သွေးအိုင်ထဲမှာလဲ‌ကျနေတဲ့သည်းငယ်... သူခဏလေးသတိလွတ်သွားမိလိုက်တာကို ဒီလောက်ထိဖြစ်သွားတာလား... ငါ့ကြောင့်ကွာ... ငါ့ကြောင့်..

လဲကျနေတဲ့ခန္ဓာကိုယ်လေးကိုကောက်‌ပွေ့လိုက်တော့ လက်ထဲကိုပျော့ခွေစွာပါလာသည်...

"သည်းငယ်ရေသတိထားပါဦးကွာ... ဘာမှမဖြစ်ပါနဲ့... မောင်တောင်းပန်ပါတယ်... မောင်ရဲ့အမှားတွေပါ... သည်းငယ်ဘာမှမဖြစ်ရဘူး..."

သည်းငယ်ကိုပွေ့ချီပြီး နီးစပ်ရာဆေးရုံကိုအ‌ပြေးသွားခဲ့သည်... ဆေးရုံသွားရာလမ်းတစ်လျှောက်မှာ Chanyeol တဖွဖွတောင်းပန်‌ကာ စကားတွေပြောနေပေမယ့် လက်ထဲကကောင်လေးကတော့ တစ်ချက်လေးတောင် သတိမရခဲ့...

"သည်းငယ်ဘာမှမဖြစ်ရဘူးနော်... သည်းငယ်ဘာမှမဖြစ်ပါနဲ့ကွာ... မောင့်ရဲ့အပြစ်တွေအတွက် မောင်ကဘဲပေးဆပ်မှာမို့လို့ သည်းငယ်ဘာမှမဖြစ်ရဘူးနော်... သည်းငယ်.."

"Chanyeol !!
သတိထားစမ်း!!
Park Chanyeol !!!!"

လက်မောင်းကိုကိုင်လှုပ်ခံနေရတယ်ဆိုတဲ့အသိနဲ့အတူ နှာခေါင်းထဲကိုတလှိုင်လှိုင်တိုးဝင်လာတဲ့ဆေးနံ့တွေကြောင့် ဆေးရုံဆိုတဲ့နေရာကြီးကိုရောက်နေပြန်ပြီဆိုတာ သိလိုက်ပြီ...

ထိုအဖြစ်အပျက်ကြီးဖြစ်ပြီးသွားကတည်းက Chanyeol ညတိုင်းကြောက်လန့်နေခဲ့ရတာ...
သူ့ကြောင့် နောက်တစ်ခါ သည်းငယ်တစ်ခုခုဖြစ်မှာ သေလောက်အောင်စိုးရိမ်ခဲ့တာ... အဲ့ဒီညက သည်းငယ်ကို‌ပွေ့ချီလာပြီး ဆေးရုံရောက်တဲ့အချိန်မှာ ဆရာဝန်ဆီကကြားလိုက်ရတဲ့စကားတစ်ခွန်းကြောင့် Chanyeol ခေါင်းတွေပူထူ‌သွားခဲ့သည်...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Kde žijí příběhy. Začni objevovat