*သူ့မေးခွန်းကိုက ဟုတ်မနေတာကို....
ရေကူးကန်လာမှတော့ ငါကရေမကူးဘဲ ရေကန်ထဲက ရေတွေကို သောက်ပစ်ရမှာလား..*

ဂျစ်တီးဂျစ်ကန်အတွေးတွေနဲ့အတူ ကျောပိုးအိတ်ကို
ခုံတစ်ခုံပေါ်တွင် နေရာချလိုက်သည်။

"ငါ့ကိုလာနောက်မနေနဲ့..မင်း.ရေလာကူးတာမလား..."

"အကိုအစကတည်းက အဲ့လိုမျိုးမေးရမှာ..."

လှည့်မကြည့်ဘဲ ပြန်ဖြေဖြစ်သည်။ နှစ်ယောက်တည်းရှိနေရသော အခြေအနေသည် နေရခက်ဖွယ်ကောင်းသည်။ အေးအေးဆေးဆေး ရေကူးဖို့လာကာမှ ရန်ဖြစ်ပြီးပြန်ရမည်ဆိုလျှင် အကျိုးမရှိ လှတာကြောင့် ကိုယ့်အလုပ်ကိုယ်သာ ဆက်လုပ်နေလိုက်သည်။

ရေကူးဘောင်းဘီလဲဖို့ ထွက်လာတော့ angry birdအနီကောင်သည် သူ့ကိုယ်ပေါ်ရှိ ရေစက်တွေကို တဘတ်နှင့်သုတ်ရင်း ကျန်ရစ်ခဲ့သည်။ ပြန်ထွက်လာလျှင် သူမရှိတော့ဖို့ မျှော်လင့်မိသော်လည်း ကျွန်တော့အိတ် တင်ထားသော ခုံ၏ ဘေးခုံတွင် အေးအေးလူလူ ထိုင်နေခြင်းမှာ ကျွန်တော့ကိုလည်း သူ့နည်းတူ မျက်မှောင်ကြုတ်စေသည်ပင်။

ထို့နောက်......

"မင်းနဲ့ငါနဲ့ ရေကူးပြိုင်ရအောင်....
ဒီအတိုင်းဆို ပျင်းစရာကောင်းတယ်...နိုင်တဲ့သူပြောတာကို လက်ခံရမယ်ဆိုတဲ့ လောင်းကြေးပါရင်ရော ဘယ်လိုလဲ..."

ဟု ပြောလာချိန်မှာတော့ ကျွန်တော်မရယ်ချင်ဘဲ ရယ်မိခဲ့ပါသည်။

သူ့ကိုမနိုင်နိုင်ဘူးဆိုတာကို သိနေသော်လည်း ကျွန်တော့ဆီမှာရှိနေသော မာနသေးသေးလေးကြောင့် ခေါင်းညိတ်မိခဲ့သည်။ ကံတရားသည် ကျွန်တော့ဘက်မှာများ ရှိနေခဲ့မလားဆိုသည့် သိချင်စိတ်ကြောင့် သူ့ရဲ့စိန်ခေါ်ခြင်းကို လက်ခံခဲ့သည်။

"ပြိုင်မယ်ဆိုတော့လည်းပြိုင်တာပေါ့...
အကိုက ကျွန်တော့ထက် ရေကူးပိုကျွမ်းပါတယ်..
ဒါကအမှန်အတိုင်းဝန်ခံတာ..

တကယ်လို့ မတော်တဆ ကျွန်တော်သာနိုင်သွားခဲ့ရင် အကို့အတွက်က ရှက်စရာကြီးနော်...."

"ငါ့ကိုယ်ငါယုံတယ်...မင်းလည်း.မင်းကိုယ်မင်း
ယုံတယ်ဆိုရင် စကားတွေ အများကြီးမပြောဘဲ စလိုက်ရအောင်...."

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)जहाँ कहानियाँ रहती हैं। अभी खोजें