Intro

5.7K 325 5
                                    

Burmese translation of {Heroic Wife Reborn} by Mei Guo

စစ္​တပ္​ ဦးစီးတစ္​ဦးျဖစ္​တဲ့ ယြီးေရွာင္​ေရွာင္​ [ေခၚ ေက်ာက္​စိမ္​းငယ္​ငယ္​] တစ္​ေယာက္​ Zombie ေခတ္​ ကမာၻပ်က္​ကပ္​ကေန ဘုရင္​့သမီးေတာ္​တစ္​ပါးကိုယ္​ထဲကို ဝိဉာဥ္​ကူးေျပာင္​းေရာက္​သြားေလသတဲ့။ သူမရဲ႕ ပထမဆံုးေန႔မွာတင္​ မတရားစြပ္​စြဲခံရလို႔ ဘဝရဲ႕ အနိမ္​့ဆံုးေရာက္​ေနတဲ့၊ မေသရံုတမယ္​ နွိပ္​စက္​ခံထားရတဲ့၊ ရာထူးျပဳတ္​ ေထာင္​ခ်ခံထားရတဲ့၊ က်ိဳးပဲ့ေနတဲ့ စစ္​သူႀကီးငယ္​ ကူရွင္​းလန္​နဲ႔ စံုဖက္​ထိမ္​းျမားေပးျခင္​း ခံလိုက္​ရတယ္​။ အဲ့ဒီအခ်ိန္​ကစလို႔ စားဖို႔ အိပ္​ဖို႔နဲ႔ Zombie သတ္​ဖို႔ေလာက္​ပဲ သိတဲ့ ကေလးမဟာ တည္​တဲ့ တည္​ၾကည္​ တည္​ၿငိမ္​ၿပီး သစၥာရွိတဲ့ စစ္​သူႀကီးနဲ႔ ကံၾကမၼာေနွာင္​ႀကိဳးဖြဲ႕ျဖစ္​သြားေလတယ္​။

တိုင္​းျပည္​ အင္​အားနည္​းလာတာနဲ႔အမ်ွ အဘက္​ဘက္​က ရန္​သူေတြ ဝိုင္​းလို႔။ နန္​းေတာ္​တြင္​းတစ္​ခုလံုးမွာလည္​း အတြင္​းလူလုပ္​ ေထာက္​လွမ္​းေနတဲ့ မိဖုရားကိုယ္​လုပ္​ေတာ္​ေတြအျပည္​့၊ အထက္​ဖား ေအာက္​ဖိ အမတ္​အရာထမ္​းေတြရယ္​၊ ဉာဏ္​နည္​းတဲ့ ဘုရင္​ရယ္​နဲ႔။ ရံုးေတာ္​ျပင္​ပမွာေတာ့ ျပည္​သူလူထုက ဆင္​းရဲမြဲေတမႈေတြနဲ႔ အတိဒုကၡေရာက္​လို႔ေပါ့။ ဒီလို အေျခအေနေတြကို ရင္​ဆိုင္​ရေတာ့ ကူစစ္​သူႀကီးတစ္​ေယာက္​ ေမ်ွာ္​လင္​့မိတယ္​။ နန္​းတြင္​း ရံုးေတာ္​ကို အေထာက္​အကူျပဳလို႔ စည္​းကမ္​းတက်ျပန္​ျဖစ္​ေစမယ္​။ ျပည္​သူေတြအတြက္​ ၿငိမ္​းခ်မ္​းေစရမယ္​လို႔ေပါ့။

ဒါေပမဲ့ ခ်စ္​ဇနီးေလး မင္​းသမီးက ဆိုတယ္​။ "နင္​့ဆႏၵကလည္​း ႀကီးျမတ္​လိုက္​တာ... တိုင္​းျပည္​ကို ငါတို႔ဘာသာ သိမ္​းပစ္​လိုက္​ၾကရေအာင္​...!" 

"……." စစ္​သူႀကီးကူ ဆြံ႕အလ်က္​သာ ေနေတာ့တယ္။

သမိုင္​းေၾကာင္​းတစ္​ေလ်ွာက္​ အေလးစား အၾကည္​ညိဳခံရမည္​့ ေတာ္​ဝင္​ေသြးဆိုတာ ဘယ္​လိုမ်ိဳးလဲ။
ယြီးေရွာင္​ေရွာင္​ကေတာ့ ခင္​ပြန္​းလင္​ကို အလိုလိုက္​ ဖူးဖူးမႈတ္​ထားနိုင္​ကာမွ ေတာ္​ဝင္​မင္​းသမီးေကာင္​း ပီသမယ္​လို႔ ယူဆေလသတဲ့။

____

____

[Unicode]

Burmese translation of {Heroic Wife Reborn} by Mei Guo


စစ်တပ် ဦးစီးတစ်ဦးဖြစ်တဲ့ ယွီးရှောင်ရှောင် [ခေါ် ကျောက်စိမ်းငယ်ငယ်] တစ်ယောက် Zombie ခေတ် ကမ္ဘာပျက်ကပ်ကနေ ဘုရင့်သမီးတော်တစ်ပါးကိုယ်ထဲကို ဝိဉာဉ်ကူးပြောင်းရောက်သွားလေသတဲ့။ သူမရဲ့ ပထမဆုံးနေ့မှာတင် မတရားစွပ်စွဲခံရလို့ ဘဝရဲ့ အနိမ့်ဆုံးရောက်နေတဲ့၊ မသေရုံတမယ် နှိပ်စက်ခံထားရတဲ့၊ ရာထူးပြုတ် ထောင်ချခံထားရတဲ့၊ ကျိုးပဲ့နေတဲ့ စစ်သူကြီးငယ် ကူရှင်းလန်နဲ့ စုံဖက်ထိမ်းမြားပေးခြင်း ခံလိုက်ရတယ်။ အဲ့ဒီအချိန်ကစလို့ စားဖို့ အိပ်ဖို့နဲ့ Zombie သတ်ဖို့လောက်ပဲ သိတဲ့ ကလေးမဟာ တည်တဲ့ တည်ကြည် တည်ငြိမ်ပြီး သစ္စာရှိတဲ့ စစ်သူကြီးနဲ့ ကံကြမ္မာနှောင်ကြိုးဖွဲ့ဖြစ်သွားလေတယ်။

တိုင်းပြည် အင်အားနည်းလာတာနဲ့အမျှ အဘက်ဘက်က ရန်သူတွေ ဝိုင်းလို့။ နန်းတော်တွင်းတစ်ခုလုံးမှာလည်း အတွင်းလူလုပ် ထောက်လှမ်းနေတဲ့ မိဖုရားကိုယ်လုပ်တော်တွေအပြည့်၊ အထက်ဖား အောက်ဖိ အမတ်အရာထမ်းတွေရယ်၊ ဉာဏ်နည်းတဲ့ ဘုရင်ရယ်နဲ့။ ရုံးတော်ပြင်ပမှာတော့ ပြည်သူလူထုက ဆင်းရဲမွဲတေမှုတွေနဲ့ အတိဒုက္ခရောက်လို့ပေါ့။ ဒီလို အခြေအနေတွေကို ရင်ဆိုင်ရတော့ ကူစစ်သူကြီးတစ်ယောက် မျှော်လင့်မိတယ်။ နန်းတွင်း ရုံးတော်ကို အထောက်အကူပြုလို့ စည်းကမ်းတကျပြန်ဖြစ်စေမယ်။ ပြည်သူတွေအတွက် ငြိမ်းချမ်းစေရမယ်လို့ပေါ့။

ဒါပေမဲ့ ချစ်ဇနီးလေး မင်းသမီးက ဆိုတယ်။ "နင့်ဆန္ဒကလည်း ကြီးမြတ်လိုက်တာ... တိုင်းပြည်ကို ငါတို့ဘာသာ သိမ်းပစ်လိုက်ကြရအောင်...!" 

"……." စစ်သူကြီးကူ ဆွံ့အလျက်သာ နေတော့တယ်။

သမိုင်းကြောင်းတစ်လျှောက် အလေးစား အကြည်ညိုခံရမည့် တော်ဝင်သွေးဆိုတာ ဘယ်လိုမျိုးလဲ။
ယွီးရှောင်ရှောင်ကတော့ ခင်ပွန်းလင်ကို အလိုလိုက် ဖူးဖူးမှုတ်ထားနိုင်ကာမှ တော်ဝင်မင်းသမီးကောင်း ပီသမယ်လို့ ယူဆလေသတဲ့။

အာဂခ်စ္​ဇနီး ျပန္​လည္​ေမြးဖြားျခင္​းWhere stories live. Discover now