Chapter [28]

7.1K 531 41
                                    

#UNICODE

မင်းစေလိုရာသည် ရေချိုးခန်းထဲမှအ
လောတကြီးဖြင့်ထွက်လာသောမှူးသခင်ကိုစိုက်ကြည့်ပြီးမှ sofa ပေါ်တွင်ခြေချိတ်ထိုင်ပြီးနောက် လေသံခပ်မာမာနှင့်ပြောဆိုလိုက်သည်။

" လာစား "

ထိုသို့ လေသံခပ်မာမာဖြင့်ပြောလာသောမင်းစေလိုရာအား မှူးသခင်အရင်ခေါင်းညိတ်ပြပြီးမှ မင်းစေလိုရာ၏ရှေ့တွင်ရှိ
သော sofa ၌နေရာယူလိုက်လေသည်။

မှူးသခင်ထိုင်ပြီးမှ မင်းစေလိုရာလည်း မှူးသခင်အတွက်အစားအသောက်ပန်းကန်တချို့ကို အရှေ့သို့တိုးပေးပြီးနောက်တွင် မင်းစေလိုရာတစ်ယောက်မနက်စာကို စားလေတော့သည်။

" မနေ့ညက ငါ့ကြောင့်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်။ "

သို့ရာတွင် မင်းစေလိုရာတယောက်စားနေရင်းမှ မှူးသခင်သည် သူ၏ပန်းကန်ထဲရှိမင်းစေလိုထည့်ပေးထားသော အစားအစာတွေကိုထိုးဆွနေရင်းကနေ အသံခပ်တိုးတိုးလေးဖြင့် ပြောလာလေသည်။

" မလိုဘူး "

မင်းစေလိုရာ၏ခပ် ပြတ်ပြတ်ပြောလာသည့်အတွက်ကြောင့် မှူးသခင်လည်း သူသိချင်နေသောအကြောင်းအရာများကိုမေးမြန်းရန်ပင် သတ္တိမွေးလိုက်လေသည်။

" ဟို...ငါတို့မနေ့ညက... "

မှူးသခင်လည်း အရဲစွန့်ပြီးမေးလိုက်သော်လည်း ဆက်မထွက်လာသည့်စကားလုံးတို့ကြောင့် မင်းစေလိုရာသည် သူ့အားအေးအေးစက်စက်အကြည့်တို့ဖြင့် 'ဘာလဲ' ဟူသောအဓိပ္ပာယ်ဖြင့်စိုက်ကြည့်နေလေသည်။

" ခင်ဗျားက gay လား "

မှူးသခင် မင်းစေလိုရာအားမည်သို့မေးရမည်နည်းကို စဉ်းစားနေတုန်းမှာ မင်းစေလိုရာ၏ရုတ်တရက်မေးလာသော စကားကြောင့် ခန္ဓာကိုယ်ထဲရှိသွေးများ ခဲသွားသလိုပင်ခံစားလိုက်ရသည်။

Till My Last Day   {နောက်ဆုံးနေ့ရက်ထိတိုင်အောင်}{နောက်ဆုံးနေ့ရက္ထိတိုင်အောငျ} Where stories live. Discover now