Chapter[4]

13.6K 1K 29
                                    

#UNICODE

မင်းစေလိုရာ ဆေးရုံကနေမြန်မြန်ပြန်လာပြီးကုမ္ပဏီကိုရောက်တာနဲ့ အရေးပေါ်အစည်းအဝေးကိုချက်ချင်းတန်းထိုင်ရတယ်။

အစည်းအဝေးကနှစ်နာရီကျော်လောက်ထိထိုင်ရတာ။

ရုံးခန်းကိုမင်းစေလိုရာတစ်ယောက်ခု
နလေးတင်မှပြန်ရောက်တယ်။

"ဒေါက် ဒေါက်"

မင်းစေလိုရာ ရုံးခန်းထဲက sofa ခုံပေါ်မှာမျက်လုံးမှိတ်ပြီးမျက်ခုံးစပ် နှစ်ခုကိုနှိပ်နေတုန်းတံခါးခေါက်သံနဲ့အတူ သုတဝင်လာသည်။

" Sir အန်တီဒေါ်နန်းထိုက်ပန်းက Sirနဲ့တွေ့ဖို့ဝင်ခွင့်တောင်းနေပါတယ်။ကျွန်တော်ဝင်ခွင့်ပြုလိုက်ရမလား Sir"

သုတမင်းစေလိုရာကိုအရိုအသေတစ်ချက်ပေးပြီး Sir ကိုတွေ့ဖို့အမျိုးသမီးဧည့်သည်တစ်ယောက်ရောက်နေကြောင်းပြောလိုက်သည်။

သုတပြောလာတဲ့စကားကြောင့် မင်းစေလိုရာထိုင်နေရင်းကနေ ကျောတောင်မတ်ခနဲဖြစ်သွားသည်။

"ဘာ..ဘယ်သူ"

"ဒေါ်နန်းထိုက်ပန်းပါ Sir"

"ပြန်လွှတ်လိုက်။ပြီးတော့နောက်ဘယ်တော့မှပြန်လာမရှာနဲ့ပါထပ်ပြောလိုက်"

"ဟုတ်ကဲ့ပါ Sir"

သုတအရိုအသေပေးပြီးအခန်းထဲကပြန်ထွက်သွားတော့ မင်းစေလိုရာလေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီးသူ့ရဲ့နက်ခ်တိုင်ကြိုးကိုလက်နဲ့အနည်းငယ်ဆွဲပြီးဖြေလျှော့လိုက်သည်။

ဒေါ်နန်းထိုက်ပန်းဆိုတာမင်းစေလိုရာနဲ့မင်းစေလိုရာရဲ့ဖခင်ကိုထားပြစ်သွားခဲ့တဲ့ မင်းစေလိုရာရဲ့အမေအရင်းဖြစ်သည်။

မင်းစေလိုရာနဲ့သူ့အမေဒေါ်နန်းထိုက်ပန်းတို့ရဲ့ဆက်ဆံရေးကသိပ်မကောင်းလှပါ။

"Sir အန်တီဒေါ်နန်းထိုက်ပန်းက Sir ကိုအရေးကြီးပြောစရာရှိတယ်လို့ပြောပါတယ် Sir"

Till My Last Day   {နောက်ဆုံးနေ့ရက်ထိတိုင်အောင်}{နောက်ဆုံးနေ့ရက္ထိတိုင်အောငျ} Onde as histórias ganham vida. Descobre agora