🔇 Silence_8🔇

Start from the beginning
                                    

"နောက်တခါ ငါမဟုတ်တဲ့တခြားတစ်ယောက်ကို စိုက်ကြည့်ဖို့မပြောနဲ့ မျက်နှာကိုတောင်စေ့စေ့မကြည့်နဲ့ "

"....."

"ကြားလား!.."

ယွန်ဂီအော်လိုက်ပြန်တာကြောင့် ဂျီမင်လန့်သွားကာတုန်သွားရသည်

ယွန်ဂီမျက်ခုံးတချက်ပင့်ကာ ကုတင်ပေါ်မှထရပ်လိုက်ရင်ထိုင်နေဆဲဖြစ်တဲ့ဂျီမင်အား စိုက်ကြည့်မိတာ အတန်ကြအောင်

ပြီးမှမျက်ခုံတန်းလေးတို့အားကြုတ်ကာယွန်ဂီအားပြန်မော့ကြည့်လားတဲ့ ဂျီမင်က

ယွန်ဂီအား ခေါင်းတစ်ချက်သာပြန်ငြိမ်ပြ၍ စောင်ခြုံကာတစ်ဖတ်သို့ပြန်လှည့်သွားသည့်တိုင် ယွန်ဂီကတော့‌‌ ဂျီမင်အားကြည့်နေမြဲ

ရေမိုးချိုး၍ ပြန်ထွက်လာသည့်တိုင် ဂျီမင်က ကျောပေး၍စောင်ပုံကြားလေးထဲတွင်မလူပ်မရပ်ရှိနေသည်

လိုက်ကာကြားကအတင်းတိုးဝင်နေကြတဲ့အလင်ရောင်များကို ယွန်ဂီသဘောမကျမိသည်မှာအမှန်

တစ်ဖန်အခန်းငယ်အား မှောင်မိုက်စေပြန်ရင် အ၀တ်အစားတို့အားဝတ်ပြီးသည်တိုင် ဂျီမင်ကမလူပ်မရပ်

ယွန်ဂီ ကုတင်ပေါ်သိုအသာတတ်ပြန်ကာ ကျောပေးထားသော ဂျီမင်ပုခုံးမှမိမိဘက်အားဆွဲယူလှည့်မိတော့

ဂျီမင်၏ အကြည့်စူးစူးနှင့်မိတ်ဆက်လေသည်

မှိန်ပြပြအလင်းရောင်အောက်က ဂျီမင်မျက်ဝန်အဆုံအားစိုက်ကြည့်နေတဲ့ ယွန်ဂီ

ယွန်ဂီနီးတူ ဂျီမင်ကလည်း မျက်နှာမလွဲပဲပြ၍စိုက်ကြည့်နေလေသည်မှာ အတန်ကြာ

ယွန်ဂီ မျက်နှာကတစ်ဖြည်းဖြည်းစိုက်ကျလာကာ အကြည့်တို့က မျက်ဝန်းအဆုံမှ နူတ်ခမ်းစီသို့ကူးပြောင်သွားစဉ်

ဂျီမင်ထရပ်ကာ ရေချိုးခန်းသို့သွားရန်ဟန်ပြင်လိုက်သည်

ထထွက်သွားတော့မည် ဂျီမင်အား ယွန်ဂီလမ်းဆွဲလိုက်ရင်

"ငါ ကုဏ္မီသွားမှာမို့ ခြံပြင်ကိုခြေတစ်လှမ်းတောင်ထွက်ဖို့စိတ်မကူနဲ့"

🔇 SILENCE 🔇Where stories live. Discover now