~Ep-18~

6.4K 909 58
                                    

(Unicode)

အခန်းထဲပြန်ရောက်တော့ သမီးကိုကုတင်ပေါ် အသာအယာချကာ....Jiminဘက်လှည့်၍..

"ဆေးသောက်လိုက်ဦး....မနက် သမီးကို ကျွန်တော်ပဲ သေးထတည်လိုက်မယ် ခင်ဗျားအိပ်‌လိုက်တော့....."

"အင်း........."

ဆေးဘူးထဲက ဆေးအချို့ကိုထုတ်ပေးကာ ရေခပ်ပေးလိုက်ပြီး လက်ထဲထည့်ပေးလိုက်သည်...

"အိပ်လိုက်တော့...သမီးကိုစိတ်မပူနေနဲ့ ကျွန်တော်ရှိတယ်..."

"အင်း....."

သူလည်း ပြောပြောဆိုဆိုဖြင့် ရေချိုးခန်းထဲ ဝင်ဖို့ လှည့်ထွက်လာတော့..

"Jung Kook...."

"ဘာလဲ....."

"ကျေးဇူးတင်ပါတယ်...."

"ဘာအတွက်လဲ...."

"ဒီတိုင်း...ဒီတိုင်း ငါ့ကိုနွေးထွေးပေးတဲ့အတွက်....."

အဖျားကြောင့်ပဲလားတော့မသိ....အသံတို့သည် တုန်ရင်နေ၏.....

"ရပါတယ်...ကိစ္စမရှိပါဘူး....ဒါဆို ကောင်းသောညပါ..."

"အင်း....."

မိသားစုလေးတစ်စုအား ကြည်နူးစွာဖြင့်ငုံ့ကြည့်နေသော လမင်းစန္ဒာသည် များမကြာမီ အခန်းငယ်လေး မီးမှိတ်သွားသည့်အချိန်မှာတော့ တိမ်သား ကန့်လန့်ကာနောက်သို့ပြေးဝင်လျက် ကြည်နူးစွာဖြင့်ရှိနေခဲ့ပါသည်........အစောတလျင်က သည်းကြီးမည်းကြီး ရွာချခဲ့သော မိုးသားတိမ်တိုက်တို့သည်လည်း ‌ချစ်ခြင်းမေတ္တာ၏ နွေးထွေးမှုကိုခံစားမိသွား၍‌လားတော့မသိ...
သူ မဟုတ်သည့်အတိုင်း ပကတိငြိမ်သက်ကာ လေပြည်လေးပင် ပက်ဖျန်းလို့......

မုန်တိုင်းမလာခင် လေပြည်ဖျန်းလေ့ရှိတာကိုပဲ လူတွေမြင်ကြပေမဲ့
မုန်တိုင်းပြီးရင်လည်း လေပြည်ချိုတို့သွေးတတ်ပါတယ်ဆိုတာကိုတော့ မေ့လျော့ခဲ့ကြလေရဲ့.......
#################################
"အင်းပါ.....ကျွန်မလည်း ကျွန်မဘက်က ‌အကောင်းဆုံး လုပ်နေတာမို့..အစီအစဉ်ဖြစ်‌မြောက်ခဲ့ရင်သာ ရှင်ပေးထားတဲ့ ကတိကို မမေ့ပါနဲ့.....မဟုတ်ရင်တော့ ကျွန်မဆိုတဲ့ မိန်းမက မြွေဟောက်အကောင်တစ်ရာထက် ဆိုးတယ်ဆိုတာ သိထားပါ...."

Flaming Love ||COMPLETED||حيث تعيش القصص. اكتشف الآن