~Ep-16~

6.8K 802 39
                                    

(Unicode)

ရက်သတ္တပတ် အချို့ ဖြတ်ကျော်ပြီးနောက်.....

"appa...ဒီနေ့ နေ့လည်နှစ်နာရီ ကျွန်တော်တို့ ဟိုတစ်နေ့က စာချုပ်ချုပ်ထားတဲ့ K Group ရဲ့ ကိုယ်စားလှယ် Choi Ga Inn ရောက်လာပါလိမ့်မယ်..."

"အာ..ဟုတ်သားပဲ....မင်းပဲ လက်ခံဆွေးနွေးပြီး သူ့အတွက် ကောင်းကောင်းမွန်မွန်နေရာပေးလိုက်ပါ...
မိန်းကလေးဆိုတော့ တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေဦးမယ်...မင်းပဲ ကြည့်စီစဉ်လိုက်နော် သား..."

"Nae...appa...."

Jung kook အဖေကား လက်မှတ်ထိုးထားသည့် ဖိုင်ကို Jung kook ဆီပြန်ကမ်းပေးလိုက်ပြီး...

"ဘာပြောစရာရှိသေးလဲ..."

"Arrnee...မရှိတော့ပါဘူး....ဒါဆို ခွင့်ပြုပါဦး..."

"အင်း...."

ဒီလိုနဲ့ နေ့လည်နှစ်နာရီ....

"MD...K Group ရဲ့ ကိုယ်စားလှယ် Ms.choi Ga Innရောက်လာပါပြီ.."

"အာ...ဟုတ်လား....."

အောက်ထပ်သို့သူဆင်းလာလိုက်သည်....
Lobby ထဲမှာတော့ သိပ်ကို ချောမောပြီး ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦးကား ဖိုင်တစ်ဖိုင်ဖြင့် ဆိုဖာပေါ်ဝယ် ထိုင်နေသည်.....သေချာ‌ပေါက် Choi Ga Inn ပါပင်....သူ့ကိုမြင်တော့ သူမက ထ ရပ်လိုက်ပြီး နှုတ်ဆက်တာမို့ အသိအမှတ်ပြုသည့်အနေဖြင့် ‌ခေါင်းတစ်ချက်ငြိမ့်ပြပြီး....

"တွေ့ရတာ ဝမ်းသာပါတယ် Choi Ga Inn shi...
J Group ရဲ့ Managing Director Jeon Jung Kookပါ...."

လမ်းကိုကမ်းပေးလိုက်သည်...

"Nae....တွေ့ရတာဝမ်းသာပါတယ် Mr.Jeon...
ကျွန်မက K Group ရဲ့ ကိုယ်စားလှယ် တစ်ဖြစ်လည်း ဒီနေ့က‌စပြီး ဒီမှာ အလုပ်တာဝန်တွေကို ထမ်းရွက်တော့မဲ့ Choi Ga Inn ပါ...အများကြီးကူညီပေးပါဦး..."

"Nae.......ဒါဆို ကျွန်တော်တို့ အလုပ်ခန်းကို သွားရအောင်....."

သူ့ရုံးခန်းနားမှာပဲ သူမ၏ အလုပ်ခန်းကို ထားပေးထားတာမို့ ထိုအခန်းဆီ ပြန်တက်လာရင်း အလုပ်အကြောင်းတွေအများကြီးဆွေးနွေးလာခဲ့သည်.....
သေချာပေါက်တည်ငြိမ်ထက်မြက်သည့် အမျိုးသမီးတစ်ဦးပင်...

Flaming Love ||COMPLETED||Where stories live. Discover now