နမ်းနေရာမှ ရုတ်တရက်မထိတွေ့တော့သောမင်းစေလိုရာအား မှူးသခင်သည်ရီဝေဝေမျက်လုံးများနှင့် မကျေနပ်ဟန်ရှိ
သောမျက်နှာထားလေးနှင့်ကြည့်လေသည်။

" အွန့်...ပြွတ်စ်...ပြွတ်စ် "

မင်းစေလိုရာသည် မိမိနမ်းထားသည့်အတွက် မှူးသခင်၏နှုတ်ခမ်းလေးမှာ စိုစိုဖူးဖူးလေးပင်ဖြစ်နေပြီး မိမိအားအလိုမကျသည့်ရုပ်လေးဖြင့်ကြည့်လာသည့် မှူးသခင်ကို အသည်းယားလာလေပြန်သည်။

ထို့သို့ အသည်းယားလာသည့်အတွက် မင်းစေလိုရာသည် မှူးသခင်၏ပါးပြင်လေးအားအုပ်ကိုင်၍ပင် သိပ်မနူးညံ့သောအနမ်းတို့ဖြင့်ရုတ်တရက်ဆွဲနမ်းလိုက်ပြန်လေသည်။

မိမိ၏နှုတ်ခမ်းအား မနမ်းတတ်နမ်းတတ်နှင့်ပြန်တုန့်ပြန်နေသော မှူးသခင်ကြောင့်ပင် မင်းစေလိုရာ၏စိတ်များအစိုးမရတော့ပေ။

ထို့ကြောင့် မှူးသခင်၏ပါးပြင်လေးအားမိမိ၏လက်တစ်ဖက်ဖြင့်ပွတ်ဆွဲရင်းပင် မှူးသခင်၏အောက်နှုတ်ခမ်းလေးအားခပ်ဆဆကိုက်ပေးလိုက်သည်။

ခပ်ဆဆကိုက်လိုက်သဖြင့် မှူးသခင်၏နှုတ်ခမ်းလေးကအနည်းငယ်မျှပွင့်ဟလာသည်နှင့်တစ်ပြိုင်နက် မင်းစေလိုရာသည်သူ၏လျှာအား မှူးသခင်၏ခံတွင်းထဲသို့ပင်ဝင်ရောက်လိုက်စေသည်။

မိမိ၏လျှာအား မှူးသခင်၏ခံတွင်းလေးထဲတွင်မွှေလိုက်ပြီးနောက်တွင် မင်းစေလိုရာသည်မိမိ၏လျှာကို မှူးသခင်၏လျှာလေးနှင့်အတူ ရစ်ပတ်စေလိုက်သည်။

" အွန်း "

မိနစ်အတော်ကြာသည်အထိ မင်းစေလိုရာသည်မှူးသခင်အားအနမ်းများဖြင့်နစ်မွန်းစေသည့်အတွက်ကြောင့် အမူးသမားလေးမှူးသခင်သည်အသက်ရှူကျပ်လာသည့်ဟန်နှင့် မိမိ၏ရင်ဘတ်ကိုသူ၏လက်လေးတို့ဖြင့်တွန်းလာလေသည်။

" အွန်း...အင်း...ပြွတ်စ် "

အမူးသမားလေး၏နှုတ်ခမ်းကို အားပိုထည့်ပြီးနမ်းလိုက်ပြီးနောက် နှုတ်ခမ်းနှစ်ခုအားခွာခါနီးတွင် မင်းစေလိုရာသည်အသံထွက်အောင်ပင်နောက်ဆုံးအနေနှင့်နမ်းလိုက်သည်။ပြီးမှ မိမိနှုတ်ခမ်းနှင့်မှူးသခင်၏နှုတ်ခမ်းလေးကို ခွာစေလိုက်သည်။

Till My Last Day   {နောက်ဆုံးနေ့ရက်ထိတိုင်အောင်}{နောက်ဆုံးနေ့ရက္ထိတိုင်အောငျ} Where stories live. Discover now