"ကိုခွန်းစစ်ဘာတွေ အဲ့လောက်ကြည့်နေတာလဲ
ကျွန်တော်ချောတာ ကျွန်တော်သိပါတယ်နော်
လာ သွားမယ် ကျောင်းပထမဆုံးရက်မှာ
နောက်မကျချင်ဘူး"

"နောက်မကျပါဘူး ဖြိုးလေးရာ "

ကျောင်းကိုရောက်တော့ ကျောင်းပေါက်ဝတင်မဟုတ်ဘဲ
ကျောင်းထဲထိ ဝင်လာသော ကိုခွန်းစစ်

ပြောလိုက်တော့ စိတ်ပူလို့ပါတဲ့
အတန်း‌ရှေ့ထိဘဲ လိုက်မှာပါတဲ့

ဒီကိုခွန်းစစ်တစ်ယောက်နဲ့လည်း ခက်ပါတယ်လေ
ကျွန်တော့်ကို သူငယ်တန်းကျောင်းသားများ
မှတ်နေလားမသိဘူး။

အတန်းရှေ့ရောက်တော့လည်း အတန်းထဲထိလိုက်ဝင်ဖို့
ခြေလှမ်းပြင်နေလေသည်....

ချောင်းဟန့်လိုက်တော့ ဘာမှမသိသလို
သနားစရာမျက်နှာလေးနဲ့ နောက်ကိုဆုတ်သွားတော့
ရင်ထဲမကောင်း

"ကိုခွန်းစစ် အပြန်ကျမှလာကြိုတော့လေ
ကျွန်တော့်အခန်းရှေ့ရောက်နေပြီဘဲ
ကောင်မလေးတွေအကုန်လုံးကလည်း
ကိုခွန်းစစ်ကိုဘဲ ဝိုင်းကြည့်နေကြတာ မြင်လား
သွားပြန်တော့"

"ဖြိုးလေးက ကိုယ့်ကို သဝန်တိုနေတာလား"

"ကိုယ့်အစ်ကိုဘဲဟာ သဝန်တိုတာပေါ့
သွားမြန်မြန်ပြန်တော့"

အတန်းကတက်တော့မှာ ကိုခွန်းစစ်က
အခုထိမပြန်သေးတာကြောင့်
အမြန်ပြန်လွှတ်လိုက်တာ။

အဲ့ဒီလိုပြောမှဘဲ ပြန်သွားတော့တယ်။
လူကလည်း ပြုံးစိစိနဲ့ကို ပြန်သွားတာ
ဘာတွေ ဒီလောက်ပျော်နေလဲမသိဘူးနော်။

ကားပေါ်ရောက်တော့ ခွန်းစစ်နိုင်တစ်ယောက်
သူ့‌ေကာင်လေး၏စကားများကို ပြန်လည်ကြားယောင်နေမိသည်။

ဖြိုးလေးကလေ သူ့ကိုသဝန်တိုတယ်တဲ့လား။
သူကတော့ အစ်ကိုမို့လို့ လို့ပြောပေမယ့်
ဘာဘဲဖြစ်ဖြစ်လေ သူ့လူသားလေးကသူ့ကို
သဝန်တိုတတ်နေပြီ မဟုတ်လား။
သူ့အတွေးနဲ့သူ ပျော်ရွှင်လျက်။

ဖြိုးလေးဆီက သဝန်တိုတယ်ဆိုတဲ့စကားနဲ့တင်
ကိုယ်ရူးမလို ဖြစ်နေတာ
မင်းဆီက ချစ်တယ်ဆိုတဲ့စကားကိုများကြားရင်
ကိုယ်ဘယ်လိုနေမလဲ မသိဘူးနော်
နှလုံးခုန်များ ရပ်သွားမလားဘဲ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now