Part (17)

214 11 0
                                    

Unicode//

အရေးကြီးတဲ့ဧည့်သည်နဲ့ ချိန်းထားသည့်အတွက် ဒီနေ့တော့ ကျွန်တော့်ကို ကိုခွန်းစစ် ကျောင်းလိုက်မပို့နိုင်တော့ ။ ကားသမားဦးလေးကြီးကိုပင် လိုက်ပို့ခိုင်းရသည် ။ ကျောင်းမတက်ရတာ တစ်ပတ်ကျော်နှစ်ပတ်နီးပါးတောင် ရှိပြီ ။ တစ်ယောက်တည်း အူလည်လည်ဖြင့် အခုမှကျောင်းစတက်ရတဲ့ကလေးငယ် တစ်ယောက်လိုလို........
ကုပ်ချောင်း ကုပ်ချောင်းနှင့်ပင် ကျောင်းဝင်းထဲ တစ်လှမ်းချင်း ဝင်လာရသည် ။

ထိုစဉ်

" ဟိတ် "

နောက်နားဆီမှ အသံကြားသောကြောင့် လှည့်ကြည့်မိတော့...........

" အာ.....ဘယ်သူများလဲလို့ ကိုလင်းသူခန့်ကလည်း လန့်တာဗျာ "

လန့်သွား၍ တလှပ်လှပ်ခုန်နေသော ရင်ဘတ်ကိုဖိကာ သက်ပြင်းရှည်တစ်ချက်တောင် ချလိုက်မိသေးသည် ။ ကျွန်တော်ဖြစ်သွားတာကို ကြည့်ပြီး ကိုလင်းသူခန့်ကတော့ ရီကျဲကျဲ လုပ်နေလေရဲ့ ။

" ကိုယ် လွမ်းနေခဲ့တာကွ "

" ဟဲဟဲ ရှုပ်မယ့်ကျွန်တော်မရှိလို့လား မနေ့ကတောင် တွေ့လိုက်သေးတာကို "

သိသိသာသာပင် ကိုလင်းသူခန့် မျက်နှာပျက်သွားသည်ကို သတိထားမိလိုက်သည် ။ ကျွန်တော့်စကား ဘယ်နားမှားသွားပါလိမ့် ။

" မတူဘူးလေကွာ "

ကျောင်းတက်ချိန်နီးပြီဖြစ်သောကြောင့် နာရီကို လက်ဖြင့် ပုပ်ပြကာ အခန်းထဲသွားရန် ကိုလင်းသူခန့်ကို လှမ်းဆွဲလိုက်သည် ။ ကိုလင်းသူခန့်လည်း ကျွန်တော့်နောက် မပါလာသလို ကျွန်တော့်ခန္ဓာကိုယ်လည်း ထိုနေရာမှ ရွှေ့လို့မရ ။ ကျောက်ရုပ်တစ်ခုလို ကိုလင်းသူခန့်က တောင့်တောင့်ကြီး ရပ်နေခဲ့သည် ။ တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေဟန် တူသည် ။ တစ်ခုခုကို နောက်ဆုံးနှုတ်ဆက်ရတော့မည့်လူလိုလို မျက်ဝန်းများကလည်း နားလည်ရခက်သော အဓိပ္ပာယ်ပေါင်းများစွာဖြင့် ရီဝေလျက်........

" ကိုလင်းသူခန့် သွားမယ်လေဗျာ "

သွားသင့်ပြီ ။ ကျောင်းတက်ချိန်နှင့် ညှိပြီး ကျောင်းလာသောကြောင့် ရောက်ရောက်ချင်း အခန်းသို့ တန်းသွားမှ အချိန်ကွက်တိပင် ဖြစ်သည် ။ ကျောင်းသားများ တဖြည်းဖြည်း အတန်းကိုယ်စီ သွားကြပြီဖြစ်သောကြောင့် ကျောင်းဝန်းပင် လူရှင်းလာပြီ ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now