Part(9)

307 21 0
                                    

Unicode//

ညကအိပ်မက်လေးထဲ သူရောက်လာတယ် ။
ပျော်ရွှင်ခြင်းနဲ့မဟုတ် ဝမ်းနည်းမှုများနှင့်အတူ ငိုကြွေးနေခဲ့သည် ။ ကျွန်တော့်ကို မမြင် ။ကျွန်တော် ပြောသည်ကို မကြားဘဲ ငိုမြဲသာ ငိုနေလေသည် ။

" ငယ်လေး ဘာလို့ ငိုနေတာလဲ ငယ်လေး ကိုယ့်ကိုပြောပြလေ ဘာလို့ ငိုနေတာလဲဆိုတာ ငယ်လေး "

ပြန်ဖြေခြင်းမရှိ ငိုမြဲငိုနေခဲ့သည် ။ အဖော်မဲ့အခန်းငယ်ထဲ အထီးကျန်စွာ ငိုကြွေးနေခဲ့သည် ။
ချွေးများဖြင့်စိုရွှဲကာ လန့်နိုးလာခဲ့သည် ။ စိုးထိတ်မှုကား စိတ်အစဉ်ကို ကြီးစိုးသွားခဲ့သည် ။ ထိတ်လန့်မှုနှင့်အတူ ဝမ်းနည်းမှုကား ကပ်ပါလာခဲ့သည် ။ တုန်ရီနေသောခြေလှမ်းများဖြင့် အခန်းပြတင်းဆီ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည် ။

တကယ်ဖြစ်နေတဲ့အတိုင်း အပြင်မှာ တကယ်ဖြစ်နေသည့်အတိုင်းပင် ။ ဝမ်းနည်းပက်လက် ငိုကြွေးနေသော ငယ်လေး၏ပုံရိပ်ကား ယခုထိ မျက်ဝန်းထဲမှ မထွက် ။ ထိုသို့ အမှန်တကယ်ဖြစ်လာမည်ကို ကျွန်တော်ကြောက်သည် ။ ငယ်လေးငိုနေတဲ့ပုံရိပ်ကို မြင်ရမည်ကို ကျွန်တော်ကြောက်သည် ။

ယခင်နေ့များထက် ပို၍ ငယ်လေးနားကို ကပ်တွယ်မည် ။
ယခင်ကထက် ပို၍ ငယ်လေးကို ပျော်ရွှင်အောင် ထားမည် ။
ယခင်ကထက်ပို၍ ငယ်လေး စိတ်ချမ်းသာအောင် ထားမည် ။

ထိုစဉ် ကောင်းကင်ထက်မှ ကြယ်လေးတစ်ပွင့် ကြွေဆင်းသွားခဲ့သည် ။
ကြယ်ကြွေသည်ကို မြင်လိုက်ရသည့် ကောင်လေးက

" ကြယ်ကြွေချိန်တွင် ဆုတောင်းလျှင် ဆုတောင်းများ ပြည့်မည်ဆိုပါက ကျွန်တော်ချစ်ရသူအား ဝမ်းနည်းခြင်း ပူလောင်ခြင်းမှ ထာဝရ ကင်းစေကာ အမြဲ ပျော်ရွှင်နေရပါစေ "

........................

" အမေ သား ကျောင်းသွားတော့မယ် "

" တီဗီခုံနားမှာ ထမင်းချိုင့်တင်ထားတယ် "

" ဟုတ် "

ညက အိပ်မက်ကို စိတ်ထဲစွဲနေ၍ ငယ်လေးကို အမြန်တွေ့ချင်လွန်းလှပြီ ။ထို့ကြောင့်ပင် ထမင်းချိုင့်ယူပြီး ကားဂိတ်သို့ အမြန်သွားမည်အပြု တီဗီမှ လာနေသည့် သတင်းကား......

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now