Part(15)

236 12 0
                                    

Unicode//

ဆေးရုံဆင်းရ၍ ပျော်နေသော အကောင်ပေါက်လေးအားကြည့်ရင်း ကိုယ်ပါအလိုလိုပျော်လာသလို.......

" ဆေးရုံကဆင်းရတာ အဲ့ဒီလောက်တောင်ပျော်လား ဖြိုးလေး "

" အွမ်းလေ ပျော်တာပေါ့ ဒီလိုဆေးရုံမှာ ဘယ်သူကအကြာကြီးနေချင်မှာလဲလို့ "

နှုတ်ခမ်းလေးတစ်ထော်ထော်နဲ့ ပြောနေလိုက်တာ အထုပ်တွေ လာကူပေးတဲ့ သူနာပြုလေးတောင် ကြိတ်ပြုံးသွားလေရဲ့ ။

" အားးးးး "

ပျော်နေရင်းတန်းလန်းမှ ထအော်လိုက်သောကြောင့် အလန့်တကြားဖြစ်သွားမိသည် ။ ပြန်လှည့်ကြည့်တော့ ကုတင်ပေါ်တွင် ပြန်၍ထိုင်နေသော ကောင်လေးအား တွေ့ရသည် ။

" ဖြိုးလေး ဘာဖြစ်တာလဲ မသက်သာသေးဘူးလားဟင် "

" အွမ်း မသက်သာဘူး လမ်းမလျှောက်တာကြာလို့ ခြေထောက်က မလျှောက်နိုင်တော့ဘူး "

" ဟင် တကယ်လား ဖြိုးလေး မလျှောက်နိုင်ဘူးလား ဘယ်လိုဖြစ်တာလဲ နာနေတာလား ထုံနေတာလား ကိုက်နေတာလား "

စ,မလို့ပြောလိုက်တာ ကမ္ဘာစစ်ဖြစ်လို့ ကြောက်နေတဲ့သူအတိုင်းဘဲ မျက်နှာကသွေးတစ်စက်မှ မရှိတော့ ။ စချင်စိတ်တောင် ကုန်တယ် ။

" သက်သာတယ် ကိုခွန်းစစ်ချီတာခံချင်လို့ ဉာဏ်ဆင်တာ ရှင်းပြီလား "

ရွဲ့ပြောလိုက်ခြင်းဖြစ်သော်ငြား တစ်ဖက်လူက အတည်မှတ်သွားသောအခါ.....

" ဪ အဲ့ဒီလိုလား လာခဲ့ "

" ဟာ "

အပြောဖြင့်သာ ရွဲ့ပြောလိုက်သည်ကို တကယ်ကြီးချီလိုက်တော့ မျက်နှာပူမိသည် ။ ကိုခွန်းစစ်က ရုပ်တည်ဖြင့်နေနိုင်သော်လည်း ကျွန်တော်က မနေနိုင် ။
သူနာပြုတွေ လူနာတွေကလည်း ကွက်​​ကြည့် ကွက်ကြည့် ။ ဆရာဝန်တွေကလည်း အထူးအဆန်းလိုလို.....

ဓာတ်လှေကားဆီအရောက်..

" ရ..ရပြီ ကိုယ့်ဘာသာလျှောက်တော့မယ် ပြန်..ပြန်ချပေးတော့ "

" မရတော့ဘူးလေ ကားပေါ်ရောက်တဲ့ထိ ချီထားမယ် "

ကျွန်တော်ဆေးရုံတက်တဲ့အခန်းက တတိယထပ်တွင်ဖြစ်သည် ။ ဓာတ်လှေကားဖြင့်ဆင်းချိန်တွင် ဓာတ်လှေကားအတွင်း၌ ကျွန်တော်နှင့်ရွယ်တူကောင်မလေးနှစ်ယောက် ပါလာသည် ။ လူနာလာမေးဟန်တူသည် ။ မိန်းကလေးပီပီ စပ်စုသည်လား အမြင်ကပ်၍လားမသိ ။ သိအောင်တစ်မျိုး မသိအောင်တစ်မျိုး ကြည့်နေသည် ။ မျက်နှာပူရသည်က ကျွန်တော် ရေခဲကိုယ်တော်က ဂရုမစိုက်သလို ရုပ်တည်ဖြင့်ပင် ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now