သက်ပြင်း အကြိမ်ကြိမ်ချနေခဲ့သော်လည်း မောဟိုက်နေဆဲပင်....။ ကိုကိုသည် ပါးနပ်သောသူတစ်ယောက်ဖြစ်သည်နှင့်အညီ ငွေရှိုင်း၏အပြုအမူကိုလည်း ကောင်းစွာ သဘောပေါက်နေခဲ့လိမ့်မည်။
လတ်တလောအချိန်မှာတော့ ငွေရှိုင်းသည် မိမိ၏
စိတ်အလိုမကျမှုကို ပြသချင်သော်လည်း မပြသနိုင်ပါ။ ထို့ကြောင့်ပင် ခဏတာစိတ်ရူးပေါက်၍ လော့ချထားခဲ့မိသော အခန်းတံခါးကို မှိုင်းခေါင်တစ်ယောက် အချိန်မရွေး ဝင်လာနိုင်အောင် ပုံမှန်အတိုင်းသာ ဖွင့်ထားလိုက်ရတော့သည်။အိမ်ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်ရမည့်အလုပ်မှာ ရေချိုးရန်ဖြစ်သည်။ သို့သော်လည်း ငွေရှိုင်းသည် သူ၏ ဆန္ဒပြနေသော ဝမ်းဗိုက်ငယ်ကြောင့် လုပ်စရာရှိသည့် အလုပ်ကို ပြီးပြတ်အောင် မလုပ်နိုင်ဘဲ ရှိနေသည်။
ထမင်းစားချိန်ရောက်သည်အထိ အောင့်ခံထားဖို့နေနေသာသာ ဘာမှမလုပ်နိုင်သည်အထိ အားအင်ကုန်ခမ်းမှုကို ခံစားနေရသဖြင့် အောက်ထပ်ဆင်းကာ တစ်ခုခုသွားစားရန် ဆုံးဖြတ်လိုက်သည်။
အခန်းထဲမှ ဖြည်းဖြည်းချင်း ခေါင်းပြူထွက်ကြည့်သောအခါ အပြင်တွင် ဘယ်သူမှမရှိ။ အထူးသဖြင့် မျက်နှာချင်းဆိုင်ရှိ တံခါးပိတ်ထားသော အခန်းရှေ့တွင် လူအရိပ်အယောင် မရှိသည်ကို တွေ့ရမှ အခန်းပြင်သို့ ရဲရဲတင်းတင်း ထွက်လာနိုင်သည်။
ဒါနဲ့များ......ပုစွန်ဦးနှောက်လို မရှိစလောက်သတ္တိလေးနဲ့
တစ်ခါမှ မလုပ်ဖူးတဲ့ အပြုအမူမျိုး လုပ်ပြခဲ့သတဲ့....။
.
.
.
.
.ဒုတိယထပ်သို့အရောက်တွင် ဧည့်ခန်းတွင် ဦးထက်လင်းရှိနေသည်ကို တွေ့ရသည်။ ဦးထက်လင်းသည် ငွေရှိုင်းအောက်ဆင်းလာသည်ကို မြင်သောအခါ ပြုံးသည်ဆိုရုံသာ ပြုံးပြနှုတ်ဆက်၍ သတင်းစာကို ငုံ့ဖတ်နေသည်။
*ဒါဆို ဖေဖေလည်း အိမ်ပြန်ရောက်နေပြီပေါ့....*
ထိုမျှသာတွေးပြီး ထမင်းစားခန်းဘက်သို့ လျှောက်လာလိုက်သည်။ ပျော်ရွှင်မှုနှင့် နွေးထွေးမှုများ ပျောက်ဆုံးနေသော စံအိမ်ကြီးထဲတွင် အိမ်သားတစ်ယောက် အိမ်မှာရှိနေခြင်း၊ မရှိနေခြင်းဟာလည်း အရေးတယူပြုရမည့် ကိစ္စမျိုးမဟုတ်ပေ...။
YOU ARE READING
ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)
General Fiction(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရတဲ့ ငါ့အဖြစ်က...နေလို.... (Unicode) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရတဲ့...
Part 9(Unicode)
Start from the beginning