ချစ်ခွင့်မရှိ - 21

5.3K 514 49
                                    

Zawgyi

သတိရပြီးထဲက သူတို့ဆေးရုံမှာ ရှိနေတာ တစ်ပတ်ကျော်နေချေပြီ။
အခန်းပြတင်းပေါက်လေးကနေ ဆေးရုံအပြင်ဘက်က ကောင်းကင်ကြီးအလှကို seok Jin ငေးကြည့်နေမိသည်။
စိတ်ထဲကလဲ တစ်ခုခုကို လွမ်းနေသလိုလို၍ တွေ့ချင်နေသလိုလို။
သေချာတာကတော့ သူ (Kookie) ပဲဖြစ်နိုင်သည်။

သူနဲ့စကားများပြီးတဲ့နောက်ပိုင်း Jung Kook ဟာ သူ့ဆီမလာတော့သလို သူသွားတွေ့ရင်လဲ အမြဲရှောင်နေတတ်သည်။

သူတွေးရင်းနဲ့ မျက်ရည်တွေ စီးကျလာပြန်သည်။
သူ လက်နဲ့ ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး

"ကျစ်..ဘာလို့ အဲ့လောက်တောင် မျက်ရည်လွယ်နေရတာလဲကွာ"

ဂျလောက်...

တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ Tae Hyung ဖြစ်နေသည်။

"Jin Hyung နေကောင်းရဲ့လား"

"ကောင်းပါတယ် Tae Hyung ရဲ့..ဒါနဲ့ Kookie ရော သူရော ဘယ်လိုနေလဲဟင်"

"သူလဲ အဆင်ပြေပါတယ် အခုပဲ Jimin နဲ့စကားပြောနေလို့ ကျွန်တော်ထွက်လာတာ"

"အော်...."

သူ အော်တစ်လုံးထဲသာ ပြောနိုင်တော့သည်။
Jung Kook နဲ့ Jimin တော်တော်အဆင်ပြေနေပုံ ရသည်။
သူဖြစ်စေချင်တာလဲ ဒီလိုပဲမဟုတ်လား။

"Tae Hyung ..Hyung လေညှင်းခံထွက်ချင်တယ်..Hyung ကို ခေါ်သွားပေးပါလား"

"ရတယ်လေ Hyung"

Tae Hyung လဲ Seok Jin အနောက်မှာ နေရာယူရင်း wheelchair လေးကို တွန်းပြီး Seok Jin ကို အပြင်ခေါ်ထုတ်လာခဲ့လိုက်သည်။
ဆေးရုံအပြင်ကိုမရောက်ခင် ဆေးရုံအဝကနေ မြင်လိုက်ရတဲ့ အရိပ်လေးနှစ်ခု။
ထိုအရိပ်လေးတွေဟာ Jung Kook နဲ့ Jimin ပင်..။

သူတို့နှစ်ယောက် ဆေးရုံရှေ့က ပန်းခြံမမည်တဲ့ပန်းခြံလေးထဲမှာ မျက်နှာချင်းဆိုင်ရပ်ရင်း စကားပြောနေကြသည်။
ခနကြာတော့ Jimin ကတဖြည်းဖြည်းရှေ့တိုးလာရင်း Jung Kook နှုတ်ခမ်းကို နမ်းလိုက်၏။
ိတော်တော်ကြာပြန်ခွာလိုက်ပြီး စကားတွေပြောနေကြသေးသည်။
ပြီးမှ တစ်ယောက်ကိုတစ်ယောက် ပြိုင်တူတင်းနေအောင် ဖက်ထားကြသည်။
Seok Jin အောင့်တက်လာသော သူ့ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိချေလိုက်မိ၏။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now