ချစ်ခွင့်မရှိ - 4

5.5K 537 70
                                    

Zawgyi

Seok Jin Jung Kook အိမ်သို့ နောက်ကနေ ပါပီလေးတစ်ကောင်လို တကုပ်ကုပ်နဲ့ လိုက်လာလေသည်။
Jung Kook တစ်ယောက်အိမ်ရောက်တာနဲ့ သူ့အိမ်ကအလုပ်သမားတွေအားလှမ်းခေါ်ပြီး..

"ကဲ ဒါ အလုပ်သမားအသစ် မင်းတို့ကြိုက်တာခိုင်းလို့ရတယ်"

Kookie ရယ် ပြောရက်လိုက်တာ ငါကမင်းဆီမှာ အလုပ်လုပ်ဖို့လိုက်လာတာပါ.. မင်းအလုပ်သမားတွေဆီမှာ မဟုတ်ဘူးလေ

Seokjin မှာထိုသို့သာတွေးပြီး ခေါင်းကိုငုံ့ကာ ဘာမှပြန်မပြောနိုင်ခဲ့။

Jung Kook အပေါ်တက်ဖို့ပြင်ပြီးမှ နောက်ပြန်လှည့်လာပြီး

"အာ....မေ့နေတာ မင်းတို့သတိလဲထားဦးနော် သူကထောင်ထွက်....ဟက်"

ပြောပြီး Jungkook တဟားဟားနဲ့ အပေါ်တက်သွားလေသည်။

ဒါဟာ တမင်သက်သက် သူ့အလုပ်သမားတွေရှေ့မှာ လှောင်သွားတာမဟုတ်လား။

"ငါတို့သူဌေးကလဲ ဘာလို့ထောင်ထွက်ကို ခေါ်လာတာလဲ မသိဘူး"
"အေးလေဟယ်"
"ရုပ်လေးကတော့ မဆိုးပါဘူး ချူစားလို့တောင်ရတယ်"
"ဟား....ဟား"

Jung Kook တက်သွားတော့မှ အလုပ်သမားတွေရဲ့ တစ်ယောက်တစ်ပေါက်ပြောသံတွေက တစီစီ ထွက်လာလေသည်။
ထိုလူတွေသည် အရင်က Kookie အိမ်ကအလုပ်သမားတွေမဟုတ်ဘဲ အသစ်တွေဖြစ်ပုံရသည်
သူလဲ မသိချင်ယောင်ဆောင်ရင်း

"ကျွန်တော့နာမည်က Kim Seok Jin ပါ တွေ့ရတာဝမ်းသာပါတယ် ရှေ့လျှောက်ကူညီပေးပါဦး"

"နင့်ကို ဘယ်သူကမေးလို့လဲ နင့်နာမည်ကို မသိချင်ပါဘူး ငါတို့ကလဲကူညီမှာမဟုတ်ဘူး နင့်ကိုခိုင်းဖို့တဲ့ သူဌေးပြောတာကြားတယ်မလား...ဟက်"

"ပြောမနေပါနဲ့တော့ Yura ရယ် မတန်ပါဘူး
ဟဲ့..ထောင်ထွက် နင်နေမယ့်အခန်းလိုက်ပြမယ်
ငါ့နောက်ကလိုက်ခဲ့"

အလုပ်သမားအချင်းချင်းတောင် နိုင်ထက်စီးနင်း လုပ်ကြသော သူတို့ကိုကြည့်ပြီး Seok Jin မုန်းမိသည်။
အင်းလေ သူဌေးဖြစ်တဲ့သူကိုယ်တိုင်ပြောထားတော့လဲ
အလုပ်သမားတွေကလဲ ပြောကြတာ မဆန်းပေ။

သူ အလုပ်သမားခေါင်းဆောင်နောက်လိုက်လာတော့
အခန်းလေးတစ်ခန်းရှေ့ရောက်လာသည်။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now